စနိုက်ကြော်ချင်တဲ့သူတွေ ချဉ်းကပ်တဲ့ပုံစံကဘယ်လိုမျိုးတွေလဲ

စနိုက်ကြော်ချင်တဲ့သူတွေ ချဉ်းကပ်တဲ့ပုံစံကဘယ်လိုမျိုးတွေလဲ

လူမှုရေးတွေကြားမှာ အရှုပ်အရှင်းတွေရှိသလို  ချစ်သူရည်းစားရည်းစားတွေကြားမှာလည်း စနိုက်ကြော်တွေရဲ့ အရှုပ်အရှင်းရှိပါတယ်နော်။အခုခေတ်ကစည်းမစောင့်ကြတဲ့သူတွေများလာတာတွေ့ရပါတယ်။ ကိုယ့်ချစ်သူကိုတစ်ပါးသူရန်မှ ကာကွယ်ရတာကလည်း မလွယ်ဘူးနော်။ အဲ့လိုကိုယ့်ချစ်သူကိုမှ ကြွေမိတာမျိုးဆိုရင် သူတို့ရဲ့ပုံစံလေးတွေနဲ့ အထာပေးတဲ့ ပုံစံတွေလည်းရှိပါတယ်။


ပြေလည်အောင်လုပ်ပေးသလိုနဲ့ ကြားဝင်ခြင်း
သူတို့တွေက အဆင်မပြေတဲ့အခြေအနေတွေမှာ သူငယ်ချင်းယောင်ဆောင်ပြီးတော့ ပြန်အဆင်ပြေသလိုလုပ်ပေးလိုလိုနဲ့ ကြားဝင်လေ့ရှိပါတယ်။ ကိုယ့်ချစ်သသူက ကိုယ့်ထက်သူကဂရုစိုက်ပေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။

Photo Credit - Showbiz


ပရိယာယ်ဆင်ခြင်း
အဲ့ဒီအကွက်တော့ ကြောက်စရာကောင်းတယ်လို့ပြောလို့ရတယ်။ သူတို့က ကိုယ့်ချစ်သူနဲ့ ရင်းနှီးအောင်လုပ်တယ်။ အကူအညီတောင်းတာတွေ ၊အားနွဲ့တဲ့ပုံစံမျိုးတွေလုပ်ပြပြီး စကားလုပ်ပြောတတ်ကြပါတယ်။

Photo - Upen


သစ္စာဖောက်လုပ်ခြင်း
ပထမတော့ ကိုယ်နဲ့ Bff ပုံစံမျိုးရအောင်ဖန်တီးကြတယ်။နောက်ပြီးမှ ကိုယ့်ချစ်သူနဲ့ ရင်နှီးအောင် မိတ်ဆက်ခိုင်းတယ်။နောက်ပြီး Hangout  လုပ်ပြီးခင်မင်အောင်လုပ်ပြီး နောက်မှသစ္စဖောက်တဲ့အကွက်တွေပါ။

Photo Credit - Hernow

Kelly -Akhayar Lifestyle