OG.Seed ကစားသမားဟောင်း နှစ်ဦးနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Chicken Fighters Dota2

OG.Seed ကစားသမားဟောင်း နှစ်ဦးနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Chicken Fighters Dota2

2021 DPC ရာသီ စတင်ဖို့ အချိန်အနည်းငယ်ခန့် အလိုမှာ NiP Dota2 အသင်းရဲ့ ကစားသမားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Chicken Fighters Dota2 အသင်းကတော့ လူစာရင်း အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ Chicken Fighters Dota2 အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ Era ရဲ့ အဆိုအရ အသင်းရဲ့ Offlane Position နဲ့ Hard Support Position အတွက် ဖျက်သိမ်းသွားတဲ့ OG.Seed Dota2 အသင်းမှာ ကစားခဲ့တဲ့ Chessie နဲ့ Xibbe တို့ကို ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Alliance Dota2 အသင်းရဲ့ Mid Lane ကစားသမား Limp ရဲ့ အစ်ကိုဖြစ်သူ Chessie ဟာဆိုရင် OG.Seed အပါအဝင် ယခင် ကစားခဲ့တဲ့ အသင်းအများစုမှာ Mid Laner/ Carry အဖြစ်သာ ကစားခဲ့ပေမယ့် Chicken Fighters Dota2 အသင်းမှာတော့ Offlaner အဖြစ် တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

Chessie

Chessie နဲ့အတူ Chicken Fighters Dota2 အသင်းကို ရောက်ရှိလာခဲ့တဲ့ Xibbe ဟာ ဆိုရင်လည်း ယခင် ကစားခဲ့တဲ့ အသင်းအများစုမှာ Offlaner အဖြစ် ကစားခဲ့ပေမယ့် ယခုအသင်းမှာတော့ Hard Support အဖြစ် ပြောင်းလဲ တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။ Mid Lane, Safe Lane နဲ့ Soft Support နေရာတွေမှာတော့ Chicken Fighters Dota2 အသင်းရဲ့ အဖွဲ့သားဟောင်းတွေ ဖြစ်ကြတဲ့ Supream, Charlie, Era တို့ကပဲ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ကစားသမား အသစ် ၂ ဦးနဲ့ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Chicken Fighters Dota2 အသင်းဟာ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပသွားမယ့် DreamLeague Season 14 DPC EU Decider Tournament မှာ နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ Alliance, Vikin.gg, Mudgolems တို့ အပါအဝင် အသင်းပေါင်း (၇) သင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ထိပ်ဆုံး (၄) သင်း နေရာမှာသာ ရပ်တည်နိုင်ခဲ့မယ် ဆိုရင်တော့ Upper Division ကို တက်လှမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်။

Chicken Fighters Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Charlie – Pos 1
  • Supream – Pos 2
  • Chessie – Pos 3
  • Era – Pos 4
  • Xibbe – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle