ကလေးတွေက ဝမ်းချုပ်နေရင် မေမေတွေအနေနဲ့ ဘယ်လိုသိနိုင်မလဲ

ကလေးတွေက ဝမ်းချုပ်နေရင် မေမေတွေအနေနဲ့ ဘယ်လိုသိနိုင်မလဲ

ကလေးလေးတွေကစကားပြောမတတ်တဲ့အရွယ်တွေမှာသူတို့ခံစားနေရတဲ့ဝေဒနာတွေကိုမေမေတွေအနေနဲ့နားလည်ဖို့ခက်ပါတယ်နော်။မေမေတွေက ကိုယ့်ရဲ့ကလေးတွေဝမ်းအများကြီးသွားနေလား ၊ ဝမ်းလျှောနေလား၊ ဝမ်းချုပ်နေလားစသည်ဖြင့်အမျိုးမျိုးစိတ်ပူနေရပါတယ်။ကလေးငယ်တွေက ဝမ်းချုပ်ခြင်းကဘာကြောင့်ဖြစ်တာလဲ ၊ဝမ်းချုပ်နေတယ်ဆိုတာကိုဘယ်လိုသိနိုင်မှာလဲ ။
ဝမ်းချုပ်ခြင်းက ကလေးငယ်တွေမှာအစားခြေလမ်းကြောင်းမှာ ပြဿနာဖြစ်နေလို့ ပါ။ ကလေးတွေရဲ့အူလမ်းကြောင်း လေးတွေကအခုမှဖွံဖြိုးနေဆဲအနေအထားပဲရှိပါသေးတယ်။

အစာခြေစနစ်မကောင်းမွန်တဲ့အတွက် ဝမ်းသွားတဲ့ပုံစံကတော့ပြောင်းလဲတတ်ပါတယ်။ကလေးတွေကငိုတာကနေလွဲပြီးဘာမှမလုပ်ပြတတ်ပါဘူးနော်။အဲ့တော့မိခင်တွေအနေနဲ့သိဖို့တော့အနည်းငယ်ခက်ပါတယ်။သူတို့လေးတွေရဲ့အမူအရာလေးတွေကနေတစ်ဆင့် ကိုယ့်ရဲ့ကလေးက ဝမ်းချုပ်နေလား၊ ဝမ်းလျောနေတာလားဆိုတာကိုလေ့လာလို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။

ကလေးတွေကသူတို့အနေနဲ့ဝမ်းချုပ်နေပြီဆိုရင်  သူတို့လေးကိုဘာကျွေးကျွေးမစားချင်ဘူး၊ ဗိုက်နာသလိုမျိုးခံစားနေရတော့ကလေးကခဏခဏငိုနေမယ်၊ ဂျီအမြဲတမ်းကျနေမယ်၊အမြဲတက်ကြွမှုမရှိဘူးဆိုင်ရင် သူတို့လေးတွေရဲ့ ဝမ်းအသွားအလာကိုစောင့်ကြည့်သင့်နေပါပြီနော်။အဲ့လိုဆိုရင် ကြိုပြီးဆေးတွေတိုက်ထားတာမျိုးဖြစ်ဖြစ်၊ ပိုဂရုစိုက်မှုတွေမျိုးလုပ်သင့်ပါတယ်မေမေတွေအနေနဲ့ လည်းကြိုပြီးဂရုစိုက်ထားတယ်ဆိုရင် ကိုယ့်ကလေးရဲ့ဝမ်းဗိုက်လေးတွေကနေလို့ကောင်းနေမှာပါနော်။

Kelly - Akhayar Lifestyle

Photo Credit -  Hospital Colo