မိုးရာသီမှာ ကလေးတွေရှောင်ကိုရှောင်သင့်တဲ့အစားအသောက်

မိုးရာသီမှာ ကလေးတွေရှောင်ကိုရှောင်သင့်တဲ့အစားအသောက်

ကလေးတွေဆိုတာက အစားအသောက်အရမ်းကိုဂရုစိုက်ရတဲ့အထဲမှာပါ ပါတယ်။သူတို့ကလေးတွေကို အာဟာရပြည့်ဝအောင်ဂရုစိုက်ပေးဖို့ဖေဖေမေမေတို့အနေနဲ့အရေးကြီးပါတယ်။မိုးရာသီဆိုတာက အရေးကြီးဆုံးက သန့်ရှင်းမှုရှိဖို့ရယ်နဲ့ ဝမ်းပျက်ဝမ်းလျော မှကာကွယ်ဖို့ကမိုးရာသီမှာအရေးကြီးဆုံးပါ။ မိုးရာသီမှာကလေးတွေ ကိုယ်ခံအားကောင်းအောင် အစာခြေစနစ်ကိုလည်းအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဟင်းသီးဟင်းရွက်အစိမ်း
ဟင်းသီးဟင်းရွက်အစိမ်းတွေကို မိဘတွေကကောင်းတယ်လို့ထင်ကြပါတယ်။တကယ်လည်းကောင်းပါတယ် ဒါပေမယ့် ဒီရာသီမှာဆိုလုံးဝမကျွေးသင့်ပါဘူးနော်။ဘာလို့လဲဆိုရင် မိုးရာသီက ကပ်ပါးကောင်တွေကအမြဲရှိနေပါလိမ့်မယ်။ဈေးကနေတစ်ဆင့် ၊ မီးဖိုချောင်တွေကနေတစ်ဆင့်ကူးနိုင်ပါတယ်။အဲ့အတွက်ဒီလိုရာသီမျိုးမှာဆို ပူူပူနွေးနွေးချက်ပြုတ်ပြီးကျွေးသင့်ပါတယ်နော်။


ဆီကြော်အစားစာ
ဆီကြော်အစားစားတွေက မိုးရာသီဆိုကလေးတွေအတွက်သာမက၊လူကြီးတွေအတွက်ပါမကောင်းပါဘူးနော်။ဆီကြော်တွေက မိုးရာသီမှာဆိုခဲတာမြန်ပါတယ်။ဒီအချိန်မှာကိုယ်ခံအားကောင်းအောင်နေသင့်ပါတယ်။ဆီကြော်တွေကိုစားတာများရင်လည်း အစာမကြေတာမျိုးတွေ၊ဗိုက်နာတာမျိုးတွေဖြစ်နိုင်ပါတယ်။

Photo Credit -Science news

မလတ်ဆတ်တဲ့အစားစာ
ကလေးတွေဆိုတာက သူတို့ရဲ့ဝမ်းဗိုက်လေးတွေကအရမ်းနူးညံ့ပါတယ်။ဒီလိုမျိုးဖြစ်တဲ့အတွက် သူတို့လေးတွေကိုကျွေးတဲ့အစားအသောက်ကလည်းလတ်ဆတ်နေဖို့လိုအပ်ပါတယ်။လူကြီးတွေက ပထမရက်ကအစားအသောက်တွေကို မကုန်လို့ ပစ်ချရမှာလည်းနှမြောလို့ဆိုပြီးပြန်ကျွေးတတ်တဲ့ အကျင့်တွေရှိပါတယ်။ကလေးတွေကလည်းမသိဘူးဆိုတော့ ကျွေးတာစားလိုက်တာမျိုးတွေရှိတတ်ပါတယ်။

Photo Credit -Family

Kelly - Akhayar Lifestyle