ကလေးလေးတွေကို ချစ်ရင် ဘယ်လိုမျိုးတွေကို ရှောင်ရမလဲ

ကလေးလေးတွေကို ချစ်ရင် ဘယ်လိုမျိုးတွေကို ရှောင်ရမလဲ

ကလေးလေးတွေအားလုံးက ချစ်ဖို့ကောင်းကြပါတယ်။ လူကြီးလူငယ်မရွေး ကလေးငယ်လေးတွေတွေ့ရင် အသည်းယားပြီး ချစ်ကြတယ်မလား။ ဟုတ်တယ်ဟုတ်။ ဒါပေမယ့် ငယ်လွန်းသေးတဲ့ကလေးငယ်လေးတွေကို သွားကြည့်ရင်ပဲဖြစ်ဖြစ်၊ ရုတ်တရက် လမ်းမှာတွေ့ရင်ပဲဖြစ်ဖြစ် ကလေးတွေကို စာနာသောအားဖြင့် မလုပ်သင့်တဲ့အပြုအမူလေးတွေရှိပါတယ်။ အဲဒါတွေက ဘာတွေလဲသိလား။

ကလေးကို ခွင့်မတောင်းဘဲ မချီပါနဲ့
အောက်မှချသိပ်ထားတဲ့ကလေးတွေကိုပဲဖြစ်ဖြစ်၊ မိဘတွေလက်ထဲက ကလေးတွေကိုပဲဖြစ်ဖြစ် “ချီလို့ရလား၊ ချီမယ်နော်။” အဲဒီလို ခွင့်မတောင်းဘဲ လက်မြန်ခြေမြန် ကောက်ချီလိုက်တာမျိုး မလုပ်ပါနဲ့။ ကလေးလေးတွေဟာ သိပ်ကိုနုနယ်သေးတဲ့အတွက် ကိုယ်က မချီတတ်ရင် သူတို့လေးတွေ နေရထိုင်ရတာ အဆင်မပြေစေသလို၊ လန့်ပြီးတော့လည်း လှန်ချတတ်တာမို့လို့ ဂရုစိုက်ရပါလိမ့်မယ်။ အရမ်းချီချင်ပြီး မချီတတ်ရင် ချီနည်းကို အရင်မေးပြီး သင်ပါ။ ကလေးတိုင်းဟာ သူတို့အထာနဲ့သူတို့ ရှိကြတာမို့လို့ ဘုမသိဘမသိကောက်ချီတာမျိုး မလုပ်သင့်ပါဘူးနော်။

ကလေးတွေကို ငိုအောင်မစပါနဲ့
“မင်းအဖေက ပဲပြုတ်သည်အဒေါ်ကြီးနောက် လိုက်သွားပြီ။ ပြန်မလာတော့ဘူး” လို့ ကလေးတွေကို စိတ်မချမ်းသာဘဲ ငိုရအောင် ဘယ်တော့မှ မစနောက်ပါနဲ့။ ကိုယ်တွေက ပျော်စေပျက်စေစနောက်လိုက်တယ်ဆိုပေမယ့် ကလေးခမျာ ငိုရတဲ့အထိ စိတ်မကောင်းဖြစ်ရတယ်။ စိတ်ဆင်းရဲရတယ်ဆိုတာ နားလည်ပါ။ တချို့ကလေးတွေဆို စိတ်ထဲမှာ ဒဏ်ရာကြီးတစ်ခုလို အမြစ်ကပ်စွဲပါသွားတတ်ပါတယ်။

ကလေးတွေကို မခြောက်ပါနဲ့
စတာလို နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒါ ကလေးတွေကို ခြောက်တာပါ။
“အခုမှ မအိပ်ရင် လမ်းထိပ်ဓာတ်တိုင်ထဲက ဇီးကွက်ကြီး ထွက်လာပြီး ကိုက်တော့မယ်။” ဆိုတဲ့စကားမျိုးတွေပေါ့။ အဲဒီ့စကားတွေကတော့ မိဘတွေနဲ့ မိသားစုတွေက ခြောက်တတ်တာများပါတယ်။ ဒါပေမယ့် ကလေးရဲ့ စိတ်ထဲမှာတော့ ဘာမှန်းမသိ၊ ဘာမှတကယ်မရှိတဲ့အရာကြီးကို အကောင်းထင်ပြီး ကြောက်သွားတတ်ပါတယ်။ အချိန်တိုင်းကြောက်ပြီး အသက်ကြီးလာလည်း အားငယ်တတ်တဲ့ကလေး၊ အရာရာကြောက်တတ်တဲ့ကလေး ဖြစ်သွားနိုင်ပါတယ်။

ကလေးတွေကို မနမ်းပါနဲ့
မွေးကင်းစကနေစပြီး အရွယ်ရောက်တဲ့အထိ မိဘမဟုတ်ဘဲ ကလေးတွေကို နမ်းတာမျိုးမလုပ်ပါနဲ့။ ခုနကပြောခဲ့သလိုပဲ ကလေးတွေက အရမ်းနုနယ်ပါသေးတယ်။ ကိုယ့်ပါးစပ်ကတစ်ဆင့် ရောဂါပိုးမွားတွေလည်း ကူးစက်နိုင်သလို၊ အနံ့အသက်တွေလည်း ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးအသိပညာကြွယ်ဝတဲ့မိဘတိုင်းက သူတို့ကလေးတွေကို လာနမ်းတာကို ဘယ်လိုမှကြိုက်မှာမဟုတ်ပါဘူး။ ဆေးလိပ်သောက်၊ အရက်သောက်၊ ကွမ်းစားထားတဲ့သူတွေဆို ပိုဆိုးပါတယ်။

ဒီလောက်ဆိုရင်တော့ သူများကလေးတွေကို ချစ်တဲ့အခါ ဘယ်လိုအချက်တွေကို ထိန်းသိမ်းရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ကလေးဆိုတာ ဘာမှမသိသေးဘဲ ဖြူစင်တဲ့အရွယ်လေးတွေမို့လို့ အသိဉာဏ်ရင့်ကျက်ပြီး ခွဲခြားဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ကျွန်မတို့ လူကြီးတွေကပဲ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်နော်။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle