China Dota2 Professional League ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ PSG.LGD

ငါးလကြာ ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံတွင်း Dota2 ပြိုင်ပွဲ China Dota2 Professional League ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိတ်သတ် အများစု မျှော်လင့်ထားတဲ့ ဒေသတွင်း အင်အားကြီး Dota2 အသင်း အများစု အနေနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို Grand Final ပွဲစဉ်မှာတော့ ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ PSG.LGD Dota2 အသင်းနဲ့ Vici Gaming တို့ ရင်ဆိုင်ခဲ့ရပါတယ်။

PSG.LGD Dota2 အသင်း အနေနဲ့ 2019-2020 DPC ရာသီ အစမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း Old Eleven ကို ခေါ်ယူပြီး နောက်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပ ပြီးစီးသွားခဲ့တဲ့ ပရဟိတ Dota2 ပြိုင်ပွဲ WeSave! Charity Play ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာလည်း Vici Gaming ကို အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို China Dota2 Profesional League ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။

Vici Gaming အနေနဲ့ China Dota2 Professional League ပြိုင်ပွဲရဲ့ Playoff အဆင့် ပထမပွဲစဉ်မှာ Invictus Gaming ကို ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပေမယ့်လည်း Lower Bracket ပထမ ပွဲစဉ်မှာ IG.V ကို (၂-၀) ၊ ဒုတိယ အဆင့် ပွဲစဉ်မှာ RNG ကို (၂-၀) ၊ Lower Bracket Final ပွဲစဉ်မှာ IG ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final ကို တက်လှမ်းနိုင်ခဲ့သလို PSG.LGD ကို WeSave! Charity Play ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်လည် ပေးဆပ်နိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပါတယ်။
WE ARE YOUR CHAMPIONS FOR:
— LGD Gaming (@LGDgaming) March 29, 2020
🏆🏆CHINA DOTA 2 PROFESSIONAL LEAGUE BY IMBA TV 🏆🏆
Epic play by the team end with RAMPAGE kills by Chalice.
3-2 final score GGWP VG
And Here we are with our second throphy of the week!
Thank you for your endless supports!#PSGLGD #LGDWin #LGDGaming pic.twitter.com/b7aflK5y0n
China Dota2 Professional League ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး PSG.LGD Dota2 အသင်း အနေနဲ့ Vici Gaming ကို (၃-၂) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ကန်ဒေါ်လာ (၁) သိန်းကျော်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် PSG.LGD Dota2 အသင်း အနေနဲ့ လူစာရင်း အပြောင်းအလဲ ပြုလုပ်ပြီး နောက်ပိုင်း ပြိုင်ပွဲ နှစ်ပွဲဆက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
REF: VpEsports