တရုတ် Dota2 လောကမှ ကစားသမား အပြောင်းအရွေ့များ

တရုတ် Dota2 လောကမှ ကစားသမား အပြောင်းအရွေ့များ

တရုတ် Dota2 လောကရဲ့ အပြောင်းအရွေ့ ရာသီ ပြီးဆုံးတော့မှာ ဖြစ်တာနဲ့ အညီ တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 အသင်း အများစု အနေနဲ့ အပြီးသတ် လူစာရင်းကို ကြေညာလို့ လာခဲ့ပြီ ဖြစ်ပါတယ်။ 2019-2020 ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Invictus Gaming Dota2 အသင်းကတော့ ယခု အပြောင်းအရွေ့ ရာသီမှာ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ခြင်း မရှိဘဲ လက်ရှိ ကစားသမားတွေဖြစ်တဲ့ flyfly (Pos 1), Emo (Pos 2), JT (Pos 3), KaKa (Pos 4), Oli (Pos 5) တို့နဲ့သာ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

IG Dota 2

အသင်းရဲ့ အဓိက ကစားသမား Eurus နဲ့ Yang ထွက်ခွာသွားခြင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Vici Gaming ကတော့ အပြောင်းအလဲ အချို့ကို ပြုလုပ်ခဲ့ပြီး Pos 1 နေရာအတွက် ကောလာဟလတွေ အတိုင်း ထိုင်းနိုင်ငံသား 23savage ကို ခေါ်ယူခဲ့သလို Pos 3 နေရာ အတွက် ဝါရင့် ကစားသမား တစ်ဦးဖြစ်သူ Old Eleven ကို ခေါ်ယူခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ကစားသမား နေရာတွေမှာတော့ လက်ရှိ Vici Gaming ရဲ့ ကစားသမားတွေဖြစ်တဲ့ Ori (Pos 2), Pyw (Pos 4), Dy (Pos 5) တို့က ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ‌ဒါ့အပြင် 23savage တစ်ယောက် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိတဲ့ အချိန်အတွင်းမှာ Keen Gaming ရဲ့ Carry ကစားသမားဖြစ်တဲ့ Erica ကို အစားထိုး ကစားသမား အဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Vici Gaming

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသင်းသစ်နဲ့ စာချုပ်ကိစ္စ ဆွေးနွေးရာမှာ အဆင်မပြေခဲ့တာကြောင့် ပရိုကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမယ်လို့ ကြေညာသွားခဲ့တဲ့ Sccc ကတော့ EHOME Dota2 အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်လို့ လာခဲ့ပါတယ်။ EHOME Dota2 အသင်းဟာ အသင်းရဲ့ ကစားသမား အားလုံးအပြင် နည်းပြဖြစ်သူ Xiao8 ကိုပါ အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာဖြစ်ပြီး EHOME Dota2 အသင်းသစ်ကို Sccc (Pos 1) နဲ့အတူ CDEC Dota2 အသင်းမှ ကစားသမားတွေဖြစ်ကြတဲ့ Xm (Pos 2), James (Pos 4) , PSG.LGD Dota2 အသင်းမှ ကစားသမားတွေဖြစ်ကြတဲ့ Chalice (Pos 3), xNova (Pos 5) တို့နဲ့ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

EHOME

အသင်းရဲ့ အဓိက ကစားသမား လေးဦး ထွက်ခွာသွားခြင်းနဲ့ ရင်ဆိုင်ထားရတဲ့ တရုတ် အခြေစိုက် နာမည်ကျော် Dota2 အသင်း PSG.LGD ကတော့ အသင်းမှာ ကျန်ရှိခဲ့တဲ့ Carry ကစားသမား Ame နဲ့ အတူ တွဲဖက် ကစားဖို့ အတွက် EHOME Dota2 အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ NothingToSay (Pos2), Faith_Bain (Pos 3), XinQ (Pos 4), Y (Pos 5) တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် PSG.LGD Dota2 အသင်းရဲ နည်းပြ အဖြစ်ကိုတော့ တရုတ် Dota2 လောကရဲ့ နာမည်ကျော် ပုဂ္ဂိုလ် Xiao8 က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

PSG.LGD

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle