ESL One LA Major လက်ရည်စစ်ပွဲမှာ Team Blaze နဲ့အတူ ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် အမျိုးသမီး Dota 2 ကစားသမား AXX

ESL One LA Major လက်ရည်စစ်ပွဲမှာ Team Blaze နဲ့အတူ ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် အမျိုးသမီး Dota 2 ကစားသမား AXX

Old Boys ဆိုတာကတော့ တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Dota 2 ကစားသမားတွေဖြစ်တဲ့ YYF, Zhou, Mu, Xiao8 တို့ ပါဝင်တဲ့ Streaming အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ Old Boys အနေနဲ့ Streaming အပိုင်းကို အဓိက လုပ်ဆောင်လျက် ရှိပေမယ့် တရုတ်နိုင်ငံ အခြေစိုက် လူငယ် Dota 2 ကစားသမားတွေ မွေးထုတ်နိုင်စေဖို့ အတွက် ရည်ရွယ်ပြီး Team Blaze ဆိုတဲ့ Dota 2 အသင်း တစ်သင်းကိုလည်း တည်ထောင်ထားပါသေးတယ်။

Team Blaze အနေနဲ့ တရုတ်နိုင်ငံတွင်း Dota 2 ပြိုင်ပွဲတွေ၊ 2019-2020 DPC ရာသီရဲ့ ဒေသတွင်း လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်လျက် ရှိပေမယ့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One LA Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ Team Blaze ရဲ့ ကစားသမား နှစ်ဦးဖြစ်တဲ့ Po3 နဲ့ Xixi တို့ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် နယ်မြေအတွင်း ရောက်ရှိနေခဲ့တာကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Team Blaze ရဲ့ နည်းပြဖြစ်သူ Zhou အနေနဲ့ တရုတ်နိုင်ငံ Streaming လောကမှာ ရပ်တည်လျက်ရှိတဲ့ အမျိုးသမီး Dota 2 ကစားသမား AXX ကို အသင်းရဲ့ Offlane Position မှာ ဝင်ရောက် ကစားပေးဖို့ ကမ်းလှမ်းခဲ့ရတာပဲ ဖြစ်ပါတယ်။

Axx

Axx အနေနဲ့ လက်ရှိအချိန်မှာ China Core MMR Leader ရဲ့ အဆင့် ၁၂၁ နေရာမှာ ရပ်တည်နေသလို 7300 MMR ရှိတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်တာကြောင့် အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ယှဥ်ပြိုင်နေမယ်ဆိုတာကို Old Boys အဖွဲ့သားတွေ အနေနဲ့ အကြွင်းမဲ့ ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။

AXX အနေနဲ့လည်း Old Boys အဖွဲ့သားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသလို ယခင်အချိန်တုန်းက xiao8, 430, ChuaN တို့ ပါဝင်တဲ့ Newbee. Boss Dota 2 အသင်းမှာလည်း Offlane Position ဖြင့် ဝင်ရောက် ကစားခဲ့ဖူးတာကြောင့် ပရိုဖက်ရှင်နယ် Dota 2 ‌လောကထဲ နောက်တစ်ကြိမ် ဝင်ရောက်ခွင့် ရရှိမယ့် အခွင့်အရေးကို လက်ခံခဲ့ပါတယ်။

လက်ရှိအချိန်မှာ AXX အနေနဲ့ Team Blaze အသင်းသားတွေနဲ့ အတူတကွ လေ့ကျင့်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပသွားမယ့် LA Major လက်ရည်စစ်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle