ချောကလက် စားခြင်းရဲ့အကျိုးကျေးဇူးများ

ချောကလက် စားခြင်းရဲ့အကျိုးကျေးဇူးများ

ကိုကိုးမှုန့်နဲ့ ချောကလက်က ဟိုးအရင်အတည်းက အနောက်တိုင်းနိုင်ငံတွေမှာ ကျန်းမာရေးအတွက်အကျိုးရှိအောင် ဆေးအဖြစ်နဲ့ သုံးခဲ့ကြပါတယ်။ ချောကလက်မှာပါဝင်တဲ့ အာနိသင်တစ်မျိုးဖြစ်တဲ့ Flavonoids က  Antioxidants အနေနဲ့လုပ်ဆောင်ပေးပြီးတော့ blood pressure ကိုလျော့ချပေးတယ်၊ ခန္တာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ Dark chocolate မှာဆိုရင် White Chocolate သို့မဟုတ် Milk Chocolate ထက် Antioxidants တွေပိုပြီးကြွယ်ဝစွာ ပါဝင်ပါတယ်။ ချောကလက်စားခြင်းဖြင့် သိသိသာသာရရှိနိုင်မယ့် အကျိုးအာနိသင်တွေကတော့

အစာစားချင်စိတ်ကို လျှော့ချပေးတယ်

ချောကလက်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီးတော့ Dark Chocolate စားခြင်းက အစာတွေထက်ထက်ပြီးမစားဖြစ်အောင်ထိန်းချုပ်ပေးပြီး အစာစားချင်စိတ်ကိုလည်းလျှော့ချပေးတယ်လို့ဆိုပါတယ်။ အဲဒါတင်မကဘဲနဲ့ တခြား အချိုတွေ၊ အငန်တွေနဲ့ အဆီဓာတ်ပါတဲ့ အစားအစာတွေစားချင်စိတ်ကိုလည်းတားဆီးပေးပါတယ်။

ဆီးချိုရောဂါကိုကာကွယ်ပေးတယ်

လူအများစုက ချောကလက်စားခြင်းက ဆီးချိုဖြစ်စေနိုင်တယ်လို့ပြောကြပါတယ်။ အမှန်တော့အဲဒါက လုံးဝမဟုတ်ပါဘူး။ ချောကလက်စားခြင်းက Insulin level ကို မြင့်တက်စေပြီးတော့ ဆီးချိုရောဂါြဖစ်နိုင်တဲ့နှုန်းကိုလျော့နည်းစေပါတယ်။

အသားအရေပျက်စီးခြင်းက ကာကွယ်ပေးတယ်

အဓိက Dark Chocolate စားခြင်းက အသားအရေအတွက် တကယ်အထောက်အကူဖြစ်ပါတယ်။ Dark Chocoalte မှာတွေ့ရတဲ့ Flavonoids ဓာတ်က အသားအရေပျက်စီးခြင်းရဲ့အန္တရာယ်ဖြစ်တဲ့ UV ဒဏ်ကနေကာကွယ်ပေးပါတယ်။ အဲလိုဆိုတိုင်းလည်း suncream ကိုမလိမ်းဘဲ နေလို့မရပါဘူးနော်။

Mood ကိုမြှင့်တင်ပေးတယ်

အချိုစားခြင်းက စိတ်ပျော်ရွှင်မှုနှုန်းကိုမြင့်တက်စေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ လေ့လာချက်တွေကိုကြည့်တဲ့အခါ ချောကလက်နဲ့ အခြားကိုကိုးပါတဲ့ ဖျော်ရည်တွေကိုသောက်သုံးတဲ့သူဟာ မသောက်သုံးတဲ့သူထက် ပိုပြီး စိတ်အခြေအနေကောင်းမွန်တယ်၊ မှတ်ဥာဏ်စွမ်းအားကိုလည်းတက်စေတဲ့အတွက် performance ကိုလည်းတက်စေတာကိုတွေ့ရပါတယ်။

အရွယ်တင်နုပျိုစေတယ်

ဒါကတော့လူတိုင်းအပြောများကြပါတယ်။ ချောကလက်မှာ ကိုကိုးမှုန့်ပါဝင်မှုများလေ Antioxidant level ပိုမြင့်လေလေဖြစ်ပါတယ်။ Milk Chocolate ကတော့ ကိုကိုးပါဝင်မှုနည်းပြီး Dark Chocolate ကတော့ ကိုကိုးပါဝင်မှုနှုန်းများတဲ့အတွက်ကြောင့် Anti-aging အတွက် ပိုပြီးအထောက်အကူဖြစ်တာတွေ့ရပါတယ်။ Dark Chocolate ကိုများများစားပေးခြင်းအားဖြင့် ဆဲလ်တွေလည်ပတ်မှုကိုကောင်းမွန်စေပြီး အသားအရေရဲ့ အစိုဓာတ်ကိုထိန်းပေးကာ အရေးအကြောင်းတွေကိုသက်သာစေတဲ့အတွက် ရုပ်ကိုပိုပြီးငယ်သလိုထင်ရစေပါတယ်။

အခုတွေ့ရတဲ့အတိုင်း ချောကလက်စားခြင်းက ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးရှိတာတွေ့ရမှာပါ။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုသလို ထိုက်သင့်သလောက်ပမာဏစားတာတော့ အကောင်းဆုံးပါပဲ။

Thin Nwe (Akhayar)

Photos Credit






Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle