အသက် (၂၅) နှစ် အရွယ်မှာ လူ့လောကကို စွန့်ခွာသွားခဲ့တဲ့ CIS အခြေစိုက် Dota2 ကစားသမား Flow

CIS Dota2 လောကရဲ့ ဝါရင့် Offlane ကစားသမား တစ်ဦးဖြစ်တဲ့ Flow ကတော့ အရွယ်မတိုင်ခင်မှာ ကြွေလွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ Flow အနေနဲ့ ပရို Dota2 လောကကို ၂၀၁၅ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး Prodota Gaming, Elements Pro, Double Dimension, Vega Squadron, FlyToMoon စတဲ့ အသင်းပေါင်း များစွာမှာ ပါဝင်ခဲ့သလို ချန်ပီယံဆု အချို့ကိုလည်း စွတ်ခူးနိုင်ခဲ့ပါတယ်။
Ужасная новость, просто нет слов. Вспоминаем наш последний Lan с Саней. RIP Flow, ты всегда останешься в наших сердцах! Максимально грустный день... pic.twitter.com/taZ3yamj3Z
— FlyToMoon (@FTM_dota2) September 30, 2020
Flow အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကတည်းက ကင်ဆာရောဂါ တစ်မျိုးဖြစ်တဲ့ Mediastinal Germ Cell Tumor ကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်ဆာရောဂါကြောင့် Dota2 အပေါ် ချစ်မြတ်နိုးစိတ်ကတော့ ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘဲ Flow အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ခွဲစိတ်ကုသမှု ခံယူကာ Dota2 လောက အထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။

ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ Flow ခံစားနေရတဲ့ ကင်ဆာရောဂါဟာ အမြစ်ပြတ် ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘဲ ကင်ဆာဆဲလ်များ ပြန်လည် ပြန့်ပွားလာခဲ့တာကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ သူချစ်မြတ်နိုးတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ Dota2 ကို နှုတ်ဆက် ထွက်ခွာလို့ သွားခဲ့ရပြီ ဖြစ်ပါတယ်။