Virtus Pro. Prodigy အမည် မြင်တွေ့သွားရမယ့် Team Generation

Virtus Pro. Prodigy အမည် မြင်တွေ့သွားရမယ့် Team Generation

လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းလျက်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro ကတော့ Virtus Pro. Prodigy ကို နောက်တစ်ကြိမ် ထပ်မံ အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ Virtus Pro Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Sergey Glamazda ရဲ့ အဆိုအရ Virtus Pro. Prodigy အမည်ရ VP လူငယ်အသင်းမှာ ESL One CIS Online Season 1: Lower Division မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ Team Generation ရဲ့ ကစားသမားတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Virtus Pro ဘက်ကတော့ ယခုသတင်းကို တရားဝင် အတည်ပြုပေးခြင်း မရှိသေးပေမယ့် Team Generation ရဲ့ နည်းပြဖြစ်သူ Daniil “Schelk” Shchelkunov ကတော့ အခုလိုပဲ အတည်ပြုပေးခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ပြီး ကျွန်တော် Virtus Pro မှာ အလုပ်လုပ်ခွင့် ရရှိခဲ့ပါတယ်။ အထူးသဖြင့် အဲဒီအချိန်တုန်းက Virtus Pro. Prodigy (လက်ရှိ Virtus Pro) အသင်းသားတွေ အတွက်ပေါ့။ ကျွန်တော့် တာဝန်က နည်းပြရယ်လို့တော့ အတိအကျ သတ်မှတ်နိုင်မှာ မဟုတ်ပါဘူး။ VP. Prodigy အဖွဲ့သားတွေ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာဖို့ အတွက်၊ နည်းစနစ်တကျ လုပ်ဆောင်နိုင်စေဖို့ အတွက် အဓိက ထိန်းကျောင်း လမ်းပြပေးရတာ ဖြစ်ပါတယ်။

Sergey Glamazda

Virtus Pro. Prodigy အဖွဲ့သားတွေ VP Dota2 အသင်းကြီး ကစားသမား ဘဝကို ရောက်ရှိသွားပြီး နောက်ပိုင်းမှာ Virtus Pro ရဲ့ CEO ဖြစ်သူ Sergei အနေနဲ့ နောက်ထပ် Virtus Pro လူငယ်အသင်း တစ်သင်း ထပ်မံ တည်ထောင်ဖို့ အတွက် ပြောလာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် လူငယ်ကစားသမားတွေ သီးသန့်နဲ့ ဖွဲ့စည်းထားတဲ့ Team Generation ကို တည်ထောင်ခဲ့ပါတယ်။

ပထမဆုံး ကျွန်တော် Noticed နဲ့ Forsemajor တို့ကို ခေါ်ယူခဲ့တယ်။ အဲဒီနောက်မှာ Celebrity နဲ့ သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Larl နဲ့ 37 တို့ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေ အားလုံးဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြသလို တကယ်ကို ကြိုးစားတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် တစ်ချိန်မှာ‌ အောင်မြင်လာမယ်လို့လည်း ယုံကြည်မိပါတယ်။”

Team Generation ရဲ့ နည်းပြဖြစ်သူ Schelk ပြောခဲ့သလိုပဲ Virtus Pro. Prodigy Dota2 အသင်းရဲ့ ကစားသမားသစ် လေးဦးဟာ အသက်အရွယ်အားဖြင့် ၁၈ နှစ်သာ ရှိသေးသလို Pos5 ကစားသမားဖြစ်သူ 37 နဲ့ နည်းပြ Schelk တို့ဟာ ဆိုရင်လည်း အသက် ၂၂ နှစ်သာ ရှိကြသေးတာကြောင့် တစ်ချိန်မှာ‌ အောင်မြင်တဲ့ ကစားသမားတွေ အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Virtus Pro. Prodigy (Team Generation) Dota2 အသင်းရဲ့ ကစားသမားတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Noticed
  • Larl
  • Celebrity
  • Forsemajor
  • 37
  • Schelk (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle