EG Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမယ့် GPK

EG Dota2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမယ့် GPK

Evil Geniuses Dota2 အသင်းကတော့ OMEGA League ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် Gambit Dota2 အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Danil “gpk” Skutin ကို အငှားကစားသမား အဖြစ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

“GPK အနေနဲ့ OMEGA League ပြိုင်ပွဲမှာ Evil Geniuses Dota2 အသင်း ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ GPK ကို အငှား ကစားသမား အဖြစ် စေလွှတ်ဖို့ နှစ်ဖက် အဖွဲ့အစည်း အကြား သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်သလို GPK အနေနဲ့လည်း EG Dota2 အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိတဲ့ အတွက် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

Evil Geniuses Dota2 အသင်း အနေနဲ့ OMEGA League: Europe Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ Abed တစ်ယောက် ဖိလစ်ပိုင်ကနေ ပြန်လာနိုင်ခြင်း မရှိသေးတာကြောင့် အခုလို GPK ကို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

EG Dota2

ဒါကြောင့် OMEGA League: EU Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် EG Dota2 အသင်းမှာ EU အခြေစိုက် ကစားသမား သုံးဦးအဖြစ် GPK, Cr1t, RAMZES666 တို့ ပါဝင်လာမှာ ဖြစ်သလို Arteezy နဲ့ Fly တို့ အနေနဲ့လည်း မြောက်အမေရိကကနေ တစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် Latency အခက်အခဲနဲ့ အသားကျစေဖို့ အတွက် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက EU Pub Games တွေမှာ ကြိုတင် ကစားလျက် ရှိတာကြောင့် OMEGA League: EU Immortal Division မှာ အခြား EU အခြေစိုက် Tier 1 အသင်းတွေနည်းတူ လက်စွမ်းကောင်းတွေကို ပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

gpk

GPK အနေနဲ့ ၂၀၂၀ ခုနှစ်၊ မေလအတွင်းမှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ ESL One Birmingham 2020 အွန်လိုင်း ပြိုင်ပွဲပြီးကတည်းက ပရိုပွဲတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်တာကြောင့် EG Dota2 အသင်းနဲ့အတူ ဩဂုတ်လ ၁၄ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် OMEGA League: EU Immortal Division မှာ လက်စွမ်းကောင်းတွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

OMEGA League: EU Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Evil Geniuses Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Artour “Arteezy” Babaev – Pos 1
  • Danil “gpk” Skutin – Pos 2
  • Roman “RAMZES666” Kushnarev – Pos 3
  • Andreas Franck “Cr1t” Nielsen – Pos 4
  • Tal “Fly” Aizik – Pos 5

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle