BOOM Esports Dota2 အသင်းရဲ့ နည်းပြအဖြစ် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ တာဝန်ယူသွားမယ့် Clairvoyance

SEA အခြေစိုက် အင်အားကြီး Dota2 အသင်း တစ်သင်းဖြစ်တဲ့ BOOM Esports ကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို နောက်တစ်ဆင့် မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ပြီး ဝါရင့် နည်းပြတစ်ဦးဖြစ်သူ Aaron “Clairvoyance” Kim ကို အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။
BOOM Esports until 12/31/2020.
— Aaron Kim (@Clairvoyance102) June 30, 2020
Aaron “Clairvoyance” Kim အနေနဲ့ EG, VGJ.Storm, Mineski, Alliance စတဲ့ နာမည်ကျော် Dota2 အသင်းတွေ အပါအဝင် Dota2 အသင်းပေါင်း များစွာမှာ နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသလို လက်ရှိအချိန်မှာ နာမည်ကျော် Caster တစ်ဦး အဖြစ် လုပ်ကိုင်လျက်ရှိတဲ့ Ioannis “Fogged” Loucas, နာမည်ကျော် Dota2 Streamer တစ်ဦးဖြစ်တဲ့ Mason “mason” Venne တို့နဲ့လည်း ယခင် အချိန်တွေတုန်းက အတူတကွ ကစားခဲ့ဖူးပါတယ်။

BOOM Esports Dota2 အသင်းကို အင်ဒိုနီးရှား အခြေစိုက် ပရိုဖက်ရှင်နယ် Dota2 ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိအချိန်မှာ BOOM Esports အဖွဲ့သားတွေ အနေနဲ့ SEA အခြေစိုက် နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ Geek Fam, Fnatic စတဲ့ အသင်းတွေနဲ့ အပြန်အလှန် ကစားနိုင်တဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသလျက် ရှိပါတယ်။

ဒါကြောင့် အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်တဲ့ Clairvoyance ကို ခေါ်ယူလိုက်ခြင်းက အတွေ့အကြုံ နုနယ်တဲ့ BOOM Esports Dota2 အသင်းရဲ့ ကစားသမားတွေ အတွက် တကယ်ကို အကျိုးရှိစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ BOOM Esports Dota2 အသင်း အနေနဲ့ ONE Esports Dota2 SEA League မှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိတာကြောင့် နည်းပြကြီး Clairvoyance ရဲ့ ညွှန်ကြား ပြသမှုနဲ့ အတူ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports