ကိုယ့်ရဲ့ပုံမှန်အသုံးအဆောင်တွေကိုရောသန့်ရှင်းရေးလုပ်ဖြစ်ရဲ့လား

ကိုယ့်ရဲ့ပုံမှန်အသုံးအဆောင်တွေကိုရောသန့်ရှင်းရေးလုပ်ဖြစ်ရဲ့လား

ပုံမှန်လစဉ်သုံးနေ့စဉ်သုံးပစ္စည်းတွေကကိုယ့်နဲ့နေ့စဉ်အတူတကွသုံးနေပေမယ့် နေ့စဉ်သုံးနေကျအသုံးအဆောင်တွေမှာတော့ သန့်ရှင်းရေးလုပ်ဖို့မေ့နေတတ်ကြပါတယ်နော်။အဲ့ကြောင့်ဘယ်လိုပစ္စည်းတွေကိုပုံမှန်သန့်ရှင်းရေးလုပ်သင့်လဲ ဆိုတာကို ဆိုတာကိုဝေမျှပေးချင်ပါတယ်။
အိပ်ရာခင်း
အိပ်ရာခင်းဆိုတာက ကိုယ့်နဲ့နေ့စဉ်ထိတွေ့နေတဲ့အသုံးအဆောင်လို့တောင်ပြောလို့ရပါတယ်။အသားအရေနဲ့မျက်နှာကိုထိတွေ့နေတဲ့အသုံးအဆောင်ပါ။ပုံမှန်အိပ်ရာခင်းစွပ်တွေ၊ ခေါင်းအုံးစွပ်တွေကိုတော့ နှစ်ပတ်တစ်ခါလဲပေးသင့်ပါတယ်။

Photo Credit-The Mirror

မျက်နှာသုပ်ပဝါ
နေ့စဉ်နေ့တိုင်းမျက်နှာသုပ်ပဝါကတော့ နေ့တိုင်းသုတ်နေတာဆိုတော့ ဘတ်တီးရီးယားပိုးတွေကမျက်စိနဲ့မမြင်တဲ့အရာမို့လို့ပေမှလျှော်မယ်ဆိုတာထက် အမြဲသန့်ရှင်းရေးပေးဖို့လိုအပ်ပါတယ်။အသားအရေအတွက်လည်းကောင်းသလို မျက်နှာအတွက်လည်းကောင်းပါတယ်။

Photo Credit -Bebeautiful

ဦးထုပ်
ဦးထုပ်ဆိုရင် လူတွေကအညစ်အကြေးတွေမရှိဘူးလို့ထင်နေကြပါတယ်။တကယ်တော့ခေါင်းကထွက်တဲ့အဆီတွေ၊ ချွေးတွေ ၊စသည်ဖြင့် အညစ်အကြေးတွေ အများဆုံးကပ်ငြိတဲ့နေရာပါ။အဲ့လိုဆိုရင် ပုံမှန်လျှော်ပေးဖို့လိုပါတယ်။ညစ်ပတ်နေတဲ့ဦးထုပ်တွေခဏခဏဆောင်းမိရင် ယားယံတာတွေဖြစ်တတ်ပါတယ်ကြာလာရင် ဝက်ခြံတွေပါပေါက်နိုင်ပါတယ်နော်။

Photo Credit -Ultra

Make-Up Brush
Make-Up Brush တွေကနေ့တိုင်းလိမ်းနေတယ်၊ကိုယ့်မျက်နှာနဲ့တိုက်ရိုက်ထိတွေ့နေတဲ့အရာတစ်ခုလည်းပြောလို့ရပါတယ်။တစ်ပတ်ကိုတစ်ခါလောက်ဆေးပေးသင့်ပါတယ်။

Photo Credit -Oils

Kelly - Akhayar Lifestyle