ပရို LOL ကစားသမား ဘဝကို နောက်တစ်ကြိမ် ပြန်လည် ခံယူသွားမယ့် Clearlove

LPL သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး Jungler တွေ အထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ Clearlove ကတော့ ပရို LOL ကစားသမား ဘဝကို နောက်တစ်ကြိမ် ပြန်လည် ခံယူသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ပရို LOL ကစားသမား Ming “Clearlove” Kai အနေနဲ့ ကစားသမား ဘဝကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး ဝင်ရောက် ကစားခဲ့တဲ့ Team Phoenix မှာ Mid Laner ဘဝကို ခံယူခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ အသင်းမှာ ၂ လခန့် ကစားပြီး Team We ကို ရောက်ရှိခဲ့တဲ့ အချိန်က စတင်ပြီး Jungler ဘဝကို ပြောင်းရွေ့ တာဝန်ယူခဲ့သလို အဆိုပါ အချိန်က စတင်ကာ လက်ရှိအချိန်ထိ အအောင်မြင်ဆုံး Jungler တွေ အထဲမှာ တစ်ယောက် အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Clearlove အနေနဲ့ ၂၀၁၄ ခုနှစ်မှာ Edward Gaming ကို ပြောင်းရွေ့သွားခဲ့ပြီး အဆိုပါ အသင်းနဲ့အတူ ရှိနေခဲ့တဲ့ အချိန် ၅ နှစ်အတွင်းမှာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကစားသမား ဘဝက အနားယူကာ EDward Gaming ရဲ့ နည်းပြချုပ် ဘဝကို ခံယူခဲ့ပါတယ်။
ဒါပေမယ့်လည်း Edward Gaming မှာ ၂၀၂၀ LOL ရာသီမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Clearlove တစ်ယောက် နည်းပြဘဝကနေ အနားယူကာ ကစားသမား ဘဝကို ပြန်လည် ခံယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ပုံပါပဲ။ လက်ရှိအချိန်မှာ Clearlove နဲ့အတူ Edward Gaming မှာ မြင်တွေ့ရဖွယ်ရှိတဲ့ ကစားသမားတွေနဲ့ ပက်သက်ပြီး အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် Xiaoxiang ကို Top Laner, Scout ကို Mid Laner, Viper ဒါမှမဟုတ် Hope ကို AD Carry, Meiko ကို Support အဖြစ် မြင်တွေ့သွားရဖွယ် ရှိတယ်လို့ သိရပါတယ်။
𝐂𝐥𝐞𝐚𝐫𝐥𝐨𝐯𝐞 𝐢𝐬 𝐛𝐚𝐜𝐤 𝐭𝐨 𝐭𝐡𝐞 𝐑𝐈𝐅𝐓!#EDG #Clearlove pic.twitter.com/PD7sds4xrR
— Edward Gaming (@EDG_Edward) December 14, 2020
ဒါကြောင့် ပရို LOL ကစားသမား ဘဝကို တစ်ဖန် ပြန်လည် ခံယူခဲ့တဲ့ Clearlove အတွက် Edward Gaming နဲ့ အတူ နောက်တစ်ကြိမ် အောင်မြင်မှုတွေကို ပြန်လည် ရယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports