ဘယ်အချက်တွေကိုအခုလိုရာသီဥတုမျိုးမှာရှောင့်သင့်လဲ

ဘယ်အချက်တွေကိုအခုလိုရာသီဥတုမျိုးမှာရှောင့်သင့်လဲ

အခုလက်ရှိရာသီဥတုက မိုးသာရွာနေလည်းအပူရှိန်ကတော့မြင့်တက်နေဆဲပါနော်။အဲ့လိုအခြေအနေမျိုးဆို နေရစားရအရမ်းခက်တဲ့ရာသီဥတုမျိုးပါ။မိုးရွာတာကိုပဲစောင့်နေရတာကလည်းမောလှပြီ၊မိုးကရွာပြန်ရင်လည်းခဏလေးပဲဆိုတော့ လူတိုင်းကငြိစိစိကြီးဖြစ်နေမှာနေတော့အမှန်ပါ။အဲ့လိုအခြေအနေမျိုးဆို အပြင်မှာအရမ်းပူပြီးပြန်လာရင် Air Con အခန်းထဲမိပြန်ရင်လည်းမသက်သာလှပါဘူးနော်။အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးဘာတွေရှောင်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။


ရေခဲရေမသောက်ပါနဲ့
အပြင်ကပြန်လာပြီးဆိုရင်အရမ်းပူလို့ဆိုပြီး ရေခဲရေတွေဇွတ်မသောက်လိုက်ပါနဲ့ အဲ့ဒါမျိုးကအပူရှပ်စေသလို လည်ချောင်းကိုလည်းဒဏ်ဖြစ်စေတဲ့အတွက်ကြောင့်ပါ။ရိုးရိုးရေ၊ရေကျက်အေးသာသောက်ဖို့အကြံပေးချင်ပါတယ်။


ရေမချိုးပါနဲ့
အရမ်းပူလို့အိုက်လို့ဆိုပြီး ရေခဏခဏချိုးတာကလည်းနည်းလမ်းမှားနေပါတယ်။တစ်နေ့လျှင်အများဆုံးရေနှစ်ကြိမ်သာချိုးပေးသင့်ပါတယ်နော်။ဘာလို့လဲဆိုရင်ရေချိုး၊ရေစိမ်တာများရင် အဆုပ်ထဲရေတွေဝင်ပြီး ကြာလာရင်ကျန်းမာရေးဆိုကျိုးတွေဖြစ်လာနိုက်ပါတယ်။


ပန်ကာလေမခံပါနဲ့
တစ်ချို့လူတွေကအရမ်းပူတာမခံနိုင်လို့ဆိုပြီ ပန်ကာရှိတဲ့အရပ်မှာပဲတစ်နေကုန်နေကြပါတယ်။အဲ့ဒါကလုံးဝမလုပ်သင့်တဲ့အပြုအမှုပါ။တကယ်လို့ကိုယ့်ကအရမ်းမခံမရပ်နိုင်အောင်ပူနေရင်တော့ ကိုယ့်နဲ့ဝေးရာမှာထားပြီးနေမှာ ပန်ကာလေကလေဖိအားအသွားအပြန်မရှိတဲ့အတွက် Air Con နဲဥမတူပါဘူးနော်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest