Dota2 လောကကနေ နောက်တစ်ကြိမ် ထွက်ခွာသွားပြန်ပြီဖြစ်တဲ့ Cloud9

နာမည်ကျော် Esports အဖွဲ့အစည်း Cloud9 ကတော့ Dota2 လောက အထဲကို ပြန်လည် ခြေချပြီး (၃) လခန့် အကြာမှာပဲ ပြန်လည် စွန့်ခွာလို့ သွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။ Cloud9 Dota2 အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ Skem, vtFaded, Misery, Flee, Pieliedie စတဲ့ ကစားသမားများဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

C9 Dota2 အသင်းရဲ့ ပထမဆုံး Major/ Minor လက်ရည်စစ်ပွဲကို SEA ဒေသကနေ တစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ လက်ရည်စစ်ပွဲမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Cloud 9 Esports အဖွဲ့အစည်း အခြေစိုက်ရာ အမေရိကန်နိုင်ငံကို Dota2 အဖွဲ့သားတွေကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့်လည်း SEA အခြေစိုက် ကစားသမားတွေဖြစ်တဲ့ Skem နဲ့ vtFaded ၊ US အခြေစိုက် ကစားသမား တစ်ဦးဖြစ်တဲ့ Flee တို့ကို အသင်းကနေ ထုတ်ပယ်ပစ်ခဲ့ပြီး EternalEnvy, Ace, Sneyking စတဲ့ ကစားသမားသစ် သုံးဦးကို ထပ်မံ ခေါ်ယူပြီး အသင်း အင်အားကို ပြန်လည် ဖြည့်တင်းခဲ့ပါတယ်။

နာမည်ကျော် ကစားသမားဟောင်းတွေ အများစု ပါဝင်တဲ့ Cloud9 Dota2 အသင်းဟာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀) ပွဲဆက်တိုက် ရှုံးနိမ့်ခြင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အထိ ကျရှုံးမှုတွေနဲ့ ထိတွေ့ခဲ့ရပါတယ်။
ဒါကြောင့်လည်း Esports နယ်ပယ် အများစုမှာ နာမည်တစ်လုံးဖြင့် ရပ်တည်လျက်ရှိတဲ့ Cloud9 Esports အဖွဲ့အစည်း အနေနဲ့ အခုလို Dota2 အသင်းကို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
Today Cloud9 steps back from Dota 2.
— Cloud9 vs COVID19 (@Cloud9) April 28, 2020
We thank all members of the team for their efforts as part of #C9DOTA and wish them the best of luck!
📰 Read More: https://t.co/T4c4oSxZ7m pic.twitter.com/8pbMDM0MvI
“ဒီနေ့မှာတော့ Cloud9 Esports အဖွဲ့အစည်း အနေနဲ့ Dota2 လောကကနေ ပြန်လည် စွန့်ခွာ သွားတော့မှာ ဖြစ်ကြောင်း ကြေညာ ပေးသွားမှာ ဖြစ်ပါတယ်။ Cloud9 Dota2 အသင်းမှာ ဝင်ရောက် ကစားပေးခဲ့တဲ့ ကစားသမား အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ ရှေ့လျှောက် ကံကောင်းစေဖို့လည်း ဆုတောင်း ပေးလိုက်ကြောင်း ဒီနေရာကနေ တစ်ဆင့် ပြောကြားလိုပါတယ်။”
ဒါ့အပြင် Cloud9 အဖွဲ့အစည်းရဲ့ မန်နေဂျာ တစ်ဦးဖြစ်တဲ့ Ysabel Noukky Muller အနေနဲ့ အသင်းရဲ့ ကစားသမားဟောင်းတွေနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“သူတို့တွေနဲ့ အတူ လက်တွဲခွင့် ရရှိခဲ့တဲ့ အတွက် တကယ်ကို ဂုဏ်ယူမိသလို ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်မိပါတယ်။ C9 Dota2 အသင်းရဲ့ အဖွဲ့သားတွေ အားလုံး ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းခရီးမှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

ဖျက်သိမ်းသွားပြီဖြစ်တဲ့ C9 Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Jacky “EternalEnvy” Mao
- Marcus “Ace” Hoelgaard
- Jingjun “Sneyking” Wu
- Rasmus “MISERY” Filipsen
- Johan “pieliedie” Astrom
REF: VpEsports