Es3tag ကို ဒေါ်လာ ၂.၁ သန်းတန် ၃ နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်တဲ့ Cloud9 CSGO

Es3tag ကို ဒေါ်လာ ၂.၁ သန်းတန် ၃ နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်တဲ့ Cloud9 CSGO

Astralis CSGO အသင်းကို ရောက်ရှိတာ သုံးလခန့်သာ ရှိသေးတဲ့ es3tag ကတော့ အကြီးစား ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်လျက်ရှိတဲ့ Cloud9 CSGO အသင်းကို ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ Cloud9 CSGO အသင်းအနေနဲ့ Es3tag ကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ်လာ ၂.၁ သန်း အသုံးပြုခဲ့ရတာဖြစ်ပြီး သုံးနှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Es3tag အနေနဲ့ DreamHack Open Fall 2020 မှာတော့ Astralils CSGO အသင်း ကိုယ်စားပြု ကစားသမား အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားဦးမှာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ Cloud9 CSGO အသင်းကို ပြောင်းရွေ့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Cloud9 CSGO အသင်းရဲ့ Manager ဖြစ်သူ Henry “HenryG” Greer ကတော့ Es3tag ကို ခေါ်ယူလိုက်နိုင်ကြောင်းကို အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“အသင်းအတွက် နောက်ဆုံးလိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်ဆည်းပေးနိုင်ဖို့ ဒိန်းမတ်နိုင်ငံသား နာမည်ကျော် ကစားသမား တစ်ဦးကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

  • Player - Patrick “es3tag” Hansen
  • Role – Entry/ Aggressive Rifle
  • Contact Length – 3 Year Deal (From 10/25/2020)
  • Value - $2, 100, 000”

Es3tag ကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်တာကြောင့် Cloud9 CSGO အသင်းဟာ ကစားသမား ငါးဦး ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပေမယ့် HenryG ကတော့ လက်ရှိ ကစားသမား အများစု ရင်ဆိုင်ရလျက်ရှိတဲ့ ပြိုင်ပွဲတွေ Burnout ဖြစ်မှုတွေကို ရှောင်ရှားနိုင်ဖို့ အတွက် ဆဌမမြောက် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူသွားဦးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Cloud9 CSGO အသင်းအနေနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် Flashpoint Season2 မှာ စတင် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် လေ့ကျင့်ချိန် အတော်အသင့် ရရှိထားတဲ့ C9 အဖွဲ့သားတွေ အဆိုပါ ပြိုင်ပွဲမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle