w0xic နေရာမှာ Xeppaa နဲ့ အစားထိုးဖို့ ကြံရွယ်နေတဲ့ Cloud9 CSGO

w0xic နေရာမှာ Xeppaa နဲ့ အစားထိုးဖို့ ကြံရွယ်နေတဲ့ Cloud9 CSGO

ကစားသမား အသစ်တွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တာ လအနည်းငယ်သာ ရှိသေးတဲ့ Cloud9 CSGO အသင်းတော့ ကစားသမား အပြောင်းအလဲ အချို့ကို ထပ်မံ ပြုလုပ်သွားဖို့ ကြံစည်နေပြန်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းများအရ Cloud9 အနေနဲ့ အသင်းရဲ့ AWPER ဖြစ်သူ Ozgur “woxic” Eker ကို ထုတ်ပယ်ပြီး ဖျက်သိမ်းသွားခဲ့တဲ့ Chaos CSGO အသင်းရဲ့ ကစားသမားဖြစ်သူ Erick “Xeppaa” Bach ကို ခေါ်ယူသွားဖို့ ကြံရွယ်လျက် ရှိတယ်လို့ သိရပါတယ်။

Xeppaa

အခုလို w0xic ကို အသင်းကနေ ထုတ်ပယ်ဖို့ ကြံရွယ်နေခြင်းဟာ w0xic ရဲ့ စွမ်းဆောင်ရည်ကြောင့်တော့ မဟုတ်ဘဲ အသင်းတွင်း ပြဿနာ အချို့ကြောင့်သာ ဖြစ်တယ်လို့လည်း သိရပါတယ်။ w0xic အနေနဲ့ Cloud9 CSGo အသင်းကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ ရောက်ရှိခဲ့တာဖြစ်ပြီး Cloud9 CSGO အသင်းနဲ့အတူ အမြင့်ဆုံး အောင်မြင်မှု အဖြစ် BLAST Premier: Fall 2020 Showdown မှာ ထိပ်ဆုံး လေးသင်း အဆင့်၊ Nine to Five #7 ပြိုင်ပွဲမှာ ထိပ်ဆုံး လေးသင်း အဆင့်သာ ရယူနိုင်ခဲ့ပါတယ်။

w0xic

Xeppaa အနေနဲ့ S-Tier CSGO လောကကို ၂၀၂၀ ခုနှစ်၊ မေလမှာ NA အခြေစိုက် CSGO အသင်းဖြစ်တဲ့ Chaos နဲ့အတူ ဝင်ရောက် လာခဲ့တာဖြစ်ပြီး IEM Beijing North America, DreamHack Masters Winter 2020: North America စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့်လည်း Chaos CSGO အသင်းဟာ ကိုဗစ်-၁၉ ရိုက်ခက်မှုကြောင့် ဆက်လက် ရပ်တည်သွားနိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် ယခုလ ၁ ရက်နေ့မှာ အပြီးပိုင် ဖျက်သိမ်းသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ Cloud9 CSGO အသင်းဘက်ကရော၊ Xeppaa ဘက်ကပါ အသင်း အပြောင်းအရွေ့ သတင်းတွေနဲ့ ပက်သက်ပြီး အတည်ပြုပေးခြင်း မရှိသေးတာကြောင့် CSGO ရာသီ ပြန်လည် စတင်ချိန်မှာ Xeppaa ကို Cloud9 CSGO အသင်းမှာ မြင်တွေ့သွားရမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle