Twitch ကနေ ဘန်းခံလိုက်ရပြီဖြစ်တဲ့ နာမည်ကျော် CoD Streamer Carl Riemer

Twitch ကနေ ဘန်းခံလိုက်ရပြီဖြစ်တဲ့ နာမည်ကျော် CoD Streamer Carl Riemer

နာမည်ကျော် Call of Duty Streamer တစ်ဦးဖြစ်တဲ့ Carl Riemer အနေနဲ့ Streaming Session တစ်ခုမှာ မလုပ်သင့်တဲ့ လုပ်ရပ် တစ်ခုကို ပြုလုပ်ခဲ့မိတာကြောင့် Twitch ကနေ အပြီးပိုင် Ban ခြင်းကို ခံယူလိုက်ရပြီ ဖြစ်ပါတယ်။

Carl Riemer အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက Twitch Platform ကို အသုံးပြုပြီး Streaming ပြုလုပ်နေစဉ် ပရိသတ်တွေကို စနောက်ဖို့ အတွက် သေနတ် အစစ် တစ်လက်ကို ထုတ်ယူ ပြသခဲ့ပါတယ်။ သေနတ်ကို အပျော်သဘောနဲ့ ထုတ်ပြရင်း မတော်တဆ ကျည်ထွက်မှု ဖြစ်ပွားခဲ့တာကြောင့် အခုလို Twitch ကနေ အပြီးပိုင် Ban ခြင်းကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။

Carl ရဲ့ အပြုအမူအရ ယခုဖြစ်ရပ်ကို ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ကြောင်း အလွယ်တကူ သိရှိနိုင်ပေမယ့် Twitch ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီခြင်း မရှိတာကြောင့် အခုလို Twitch ကနေ Ban ခြင်းကို ခံယူခဲ့ရတာဖြစ်တဲ့ အပြင် Carl Riemer အနေနဲ့ Soar Gaming Esports အဖွဲ့အစည်းရဲ့ Official Streamer အဖြစ်ကနေပါ ထုတ်ပယ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

SoaR Gaming Esports အဖွဲ့အစည်း အနေနဲ့ Carl Riemer ကို အဖွဲ့အစည်း လက်အောက်ခံ Streamer အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းကို အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“Carl အနေနဲ့ Live Stream Session တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေက ခွင့်လွှတ်ပေးဖို့ ဖြစ်နိုင်ခြင်း မရှိတာကြောင့် SoaR Gaming လက်အောက်ခံ Streamer အဖြစ်ကနေ ထုတ်ပယ်လိုက်ရတာ ဖြစ်ပါတယ်။”

အဆိုပါ ဖြစ်ရပ်တွေ ဖြစ်ပျက်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Carl အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အမှားအယွင်း တစ်ခုကို ပြုလုပ်ခဲ့မိကြောင်း၊ ပရိသတ်တွေကို တောင်းပန်ကြောင်း ဗွီဒီယိုတစ်ခု တင်ပေးခဲ့ပါတယ်။

“ကျွန်တော် လုပ်ခဲ့မိတဲ့ အမှားမျိုးကို ဘယ်တော့မှ မလုပ်မိကြစေဖို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် အဲဒီအမှားကို ပြုလုပ်မိခြင်း မရှိခင် အချိန်ထိ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ကြိုးစားဖန်တီးခဲ့တဲ့ ကိစ္စတွေ အားလုံးကို ကျွန်တော် ကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်မိပါပြီ။ ပရိသတ်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိတဲ့ အတွက်လည်း တကယ်ကို တောင်းပန်ပါတယ်။”

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ