ကလေးအရွယ် CEO လေးတွေ အုပ်ချုပ်တဲ့ ကုမ္ပဏီများ

ကလေးအရွယ် CEO လေးတွေ အုပ်ချုပ်တဲ့ ကုမ္ပဏီများ

ကျောင်းပြီးမှ အလုပ်လုပ်လို့ရမယ်ဆိုပြီး လူတော်တော်များများက တွေးထင်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုထင်မြင်ယူဆတာက မှားတယ်ဆိုတာကို သိစေဖို့အတွက် ဒီတစ်ခေါက်မှာတော့ ကောလိပ်ကနေ ဒီဂရီရတဲ့အထိ စောင့်နေစရာမလိုဘဲနဲ့ အထက်တန်းကျောင်းသားကျောင်းသူအဆင့်နဲ့ပဲ အောင်မြင်တဲ့ ကုမ္ပဏီတွေကို ထူထောင်နိုင်ခဲ့တဲ့ ကလေး CEO တွေအကြောင်းကို စိတ်ဓာတ်ခွန်အားရစေဖို့ ဖော်ပြပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့် ကလေးလေးတွေက အိပ်စာလုပ်ပြီး ဆော့ကစားနေရမယ့်အချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ထူထောင်ထားကြပြီး စီးပွားရှာနေကြသူတွေပါ။

Sweet Bee Sisters
Sweet Bee Sisters ဆိုတာကတော့ Lily ၊ Chloe နဲ့ Sophie Warren လို့ အမည်တွင်တဲ့ ညီအစ်မသုံးယောက်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ သူတို့ညီအစ်မသုံးယောက်က လွန်ခဲ့တဲ့ ကိုးနှစ်လောက်ကတည်းက ပျားဖယောင်းနဲ့ လုပ်ထားတဲ့ အလှအပပစ္စည်းတွေကို ထုတ်တဲ့ စီးပွားရေးလုပ်ငန်းကို ထူတောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ ဒီစီးပွားရေးကို စလုပ်ဖြစ်တာက သူတို့မိသားစု ပျားအုံကနေ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ပျားဖယောင်နဲ့ အံ့သြဖွယ်ကောင်းတဲ့ Lip Balm ကို ထုတ်လုပ်ဖို့ သိရှိခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကို စလုပ်တုန်းက သူတို့ရဲ့အသက်တွေဟာ ရှစ်နှစ်၊ ခြောက်နှစ်နဲ့ လေးနှစ်ပဲ ရှိပါသေးတယ်။ အခုသူတို့ဟာ Lotions ၊ Scrubs နဲ့ ကိုယ်တိုင်လုပ် Lip Balm လေးတွေကို ပြုလုပ်လို့ရတဲ့အထိ ထုတ်ကုန်တွေကို ချဲ့ထွင်ထားပါတယ်။

YellowBerry
အသက် ၁၇ နှစ်အရွယ် Meghan Grassell ကသူနဲ့ သူ့ညီမ သက်သောင့်သက်သာနဲ့ ဆွဲဆောင်မှုရှိရှိ ရွေးချယ်ဝတ်ဆင်နိုင်ဖို့အတွက် Low-cut “Sexy” Bra တွေကို ကြိုးစားပြီး လုပ်ရာကနေ Yellowberry ဆိုတဲ့ ဒီဇိုင်းကို စတင်ထုတ်လုပ်ဖို့ အကြံရခဲ့ခြင်းဖြစ်ပါတယ်။ သူမထုတ်လုပ်တဲ့ Bra က အသားအေးပြီး ဝတ်ရတာလည်း သက်သောင့်သက်သာရှိကာ ဆယ်ကျော်သက်တွေ ဝတ်ဖို့ သင့်တော်စေပါတယ်။ စတင်ထုတ်လုပ်တဲ့ ၂၀၁၄ တုန်းက T-Shirts တွေ ၊ အမျိုးသမီးဝတ်လက်ပြတ်ခါးတိုအကျီၤတွေနဲ့ အပေါ်အောက် ဆင်တူဝတ်ဆင်လို့ရတဲ့ ဝမ်းဆက်လေးတွေကိုပါ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

Super Business Girl
Super Business Girl လို့အမည်တွင်တဲ့ Asia Newson ဟာ ဖယောင်းတိုင်လုပ်တဲ့ စီးပွားရေးကို အသက် (၅) နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ “Super Business Girl” လို့အမည်တွင်တဲ့ ကုန်သွယ်ရောင်းဝယ်ခြင်းနဲ့ အလုပ်ရုံတွေ လုပ်ကာ Entrepreneurs ဖြစ်ချင်တဲ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားကျောင်းသူတွေကို စိတ်ကူးစိတ်သန်ကောင်းအောင် လုပ်ဆောင်ပေးပြီး ခွန်အားတွေ ရရှိလာအောင် လုပ်ဆောင်ပေးပါတယ်။

Ry’s Ruffery
Ry’s Ruffery ရဲ့ပဲ့ကိုင်ရှင် ဆယ်ကျော်သက်အရွယ် Ryan Kelly ဟာ ABC’s Enterpreneurial Show Shark Tank မှာ လတ်လတ်ဆက်ဆက်ဖုတ်ထားတဲ့ ခွေးစာလေးတွေကို ယူလာပြီး ယှဉ်ပြိုင်ရာကနေ အနိုင်ရရှိကာ သူရဲ့စီးပွားရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို Barbara Corcoran ဆီကနေ ရရှိခဲ့ပါတယ်။ Ry’s Ruffery ကနေ Cheddar ၊ Apple-Pumpkin နဲ့ Peanut Butter ဆိုပြီး ကွဲပြားတဲ့ အရသာသုံးမျိုးကို ထုတ်လုပ်ရောင်းချပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေထဲကို ဝေစုတချို့ကို တိရစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့အစည်းကို လှူဒါန်းလေ့ရှိပါတယ်။

Me and the Bees
ကလေးအရွယ် CEO တွေထဲမှာ ကျော်ကြားတဲ့ CEO တစ်ယောက်ကတော့ Me and the Bees က Mikaila Ulmer ဖြစ်ပါတယ်။ သူမဟာ အသက်လေးနှစ်အရွယ်တုန်းက သူမအဖွား လက်ဆောင်ပေးခဲ့တဲ့ Flaxseed Lemonade Recipe နဲ့ ပျားရည်တွေကို ပေါင်းစပ်ပြီး Lemonade ကို ပြုလုပ်ခဲ့ပါတယ်။ ရရှိလာတဲ့ Lemonade ကို Youth Entrepreneurial Events မှာ စတင်ရောင်းချပြီးတဲ့နောက်မှာ အစားအစာတွေထဲမှာ ပျားရည်လိုချိုတဲ့ BeeSweet Lemonade တွေကို ပိုမို တွေ့ရှိလာရတာ ဖြစ်ပါတယ်။ Lemonade စီးပွားရေးလုပ်ငန်းကနေရရှိတဲ့ ဝေစုတစ်ချို့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းကို လှူဒါန်းခဲ့ပါတယ်။

Zollipops
အသက်(၇) နှစ်အရွယ် Alina ဟာ သူအဖေနဲ့အတူ ဘဏ်နဲ့ တခြားနေရာကိုလိုက်သွားတဲ့အခါ ဘဏ်က ဝန်ထမ်းတွေနဲ့ တခြားနေရာက လူကြီးတွေက သူမကို Lollipop ယူမလားဆိုပြီး မေးတဲ့အခါ လိုချင်ပေမယ့် သူမိဘတွေက သကြားလုံးဟာ သွားကို ထိခိုက်စေတယ်ဆိုပြီး ပြောထားတဲ့အတွက် မယူမိအောင် ကြိုးစားပြီး နေခဲ့ရပါတယ်။ အဲဒီလိုနေရာကနေ Lollipop တွေ စားသုံးခြင်းကနေ သွားကျန်းမာရေးကောင်းအောင် ပြောင်းလဲပြီး ထုတ်လို့မရဘူးလားဆိုပြီး တွေးမိရာကနေ Zollipop ဖြစ်လာတာပါ။ အဲဒီလို တွေးမိပြီနောက်မှာ သူမနဲ့ သူမအဖေက သကြားမပါတဲ့ Lollipop ကို ပြုလုပ်နိုင်ဖို့နဲ့ အစာစားပြီးနောက် ပါးစပ်ကနေ ထွက်ရှိတဲ့ အက်ဆစ်ပမာကို လျော့ချဖို့အတွက်၊ သွားပျက်စီးယိုယွင်းမှုကို လျော့ချနိုင်အောင် ကူညီနိုင်တဲ့ ဖော်မြူလာကို ရှာဖွေခဲ့ကာ Lollipop တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီက Zolli Drops Hard Candies တွေနဲ့ Zaffi Taffy ဆိုတဲ့ ထုတ်ကုန်သစ်တွေကို ဖန်တီးထုတ်လုပ် ချဲ့ထွင်ထားပါတယ်။

Are You Kidding
Are You Kidding က ပျော်ပျော်နေတတ်ပြီး စတိုင်လ်ကျတဲ့ စွန့်စွန့်စားစား စီးပွားရေးလုပ်ငန်းရှင် ငယ်ရွယ်တဲ့ ကလေးငယ်နှစ်ယောက် Brandon နဲ့ Sebastian တို့ တည်ထောင်ထားတဲ့ ခြေအိတ်ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ခြေအိတ်တွေကတော့ ကလေးငယ်တွေနဲ့ လူကြီးတွေအတွက် ပျော်စရာ၊ ရောင်စုံ ဒီဇိုင်းမျိုးစုံ ရှိပါတယ်။ ဒီလို ဒီဇိုင်းတွေအပြင် Special Olympics လို့ အမည်တွင်တဲ့ အမျိုးမျိုးသော ပရဟိတလုပ်ငန်းအတွက် ဒီဇိုင်းဆွဲပြီး ထုတ်ထားတဲ့ ခြေအိတ်တွေ၊ ၊ Autism Awareness အမည်ရှိတဲ့ ဒီဇိုင်းတွေနဲ့ Big Brother Big Sister အမည်ရှိတဲ့ ဒီဇိုင်းတွေဟာ အကျော်ကြားဆုံးဖြစ်ပြီး အဓိပ္ပါယ်ရှိဆုံး ဒီဇိုင်းတွေလည်း ဖြစ်ပါတယ်။

Mo’s Bows
Mo’s Bows ရဲ့ တည်ထောင်သူကတော့ Moziah Mo Bridges ဖြစ်ပြီး ဖဲပြားပုံလည်းစည်းလေးတွေကို စတင်ထုတ်လုပ်ဖြစ်ခဲ့ပုံကတော့ အထူးပွဲတစ်ခုကို တက်ရောက်ဖို့ ရှိတဲ့အခါမှာ ဖဲပြားပုံလည်းစည်းတပ်ဖို့ မလုပ်တတ်ရာကနေ သူရဲ့အဖွားနဲ့ တွဲပြီး ကိုယ်ပိုင် ဒီဇိုင်းလုပ်ရာကနေ Mo’s Bow ဆိုပြီး ပေါ်ပေါက်လာပါတော့တယ်။ သူရဲ့စီးပွားရေးလုပ်ငန်းကို Shark Tank ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက် အခုချိန်မှာ NBA လိုကုမ္ပဏီမျိုးနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ Memphis အခြေစိုက် ဒီကုမ္ပဏီကနေ ထုတ်တဲ့ ဖဲပြားပုံလည်းစည်းလေးတွေ အားလုံးဟာ Tennessee ပြည်နယ်က Handmade လေးတွေကို သုံးပြီး လုပ်ထားတာပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးထားကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ CEO လေးတွေ ဖြစ်ပြီး ကုမ္ပဏီတွေကို ဦးဆောင်နေတဲ့ ကလေး CEO လေးတွေတချို့နဲ့ သူတို့ရဲ့ ထုတ်ကုန်တွေအကြောင်းကို ဖော်ပြပေးထားတာဖြစ်လို့ ဖတ်ရှုပြီး ငယ်ရွယ်တဲ့ အရွယ်မှာ စီးပွားမရှာနိုင်ဘူးဆိုတဲ့ အတွေးအမြင်တွေကို ပြောင်းလဲ လိုက်ကြပါနော်။ ကိုယ်သားသမီးလုပ်ချင်တဲ့ အိုင်ဒီယာလေးတွေရှိရင်လည်း မလုပ်နဲ့လို့ လုံးဝကြီး တားမြစ်ပိတ်ပင်တာမျိုး မလုပ်ဘဲ တတ်နိုင်သမျှ ပံပိုးပေးခြင်းဖြင့် ထူးချွန်သူတွေ ဖြစ်အောင် ပျိုးထောင်ကြည့်ကြပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle