အလုပ်ထွက်ဖို့ထိ ဆိုးနေပြီဆိုတဲ့အခြေအနေရောက်ပြီလား ဆန်းစစ်ကြည့်ပါ

အလုပ်ထွက်ဖို့ထိ ဆိုးနေပြီဆိုတဲ့အခြေအနေရောက်ပြီလား ဆန်းစစ်ကြည့်ပါ

အလုပ်မှာ ပြသနာတွေ ဖြစ်လာတဲ့အခါ အလုပ်အတူတူလုပ်တဲ့သူကို အပြစ်တင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူးထင်မိတာပဲဖြစ်ဖြစ်၊ အလုပ်တွေဖိလုပ်ခိုင်းတဲ့ အထက်လူကြီးကို စိတ်တိုတာပဲဖြစ်ဖြစ် ခံစားတတ်ကြတာပါပဲ။ ကြာလာတော့ အလုပ်နဲ့ ပတ်သတ်ပြီးမကောင်းမြင်တာတွေဖြစ်လာပြီး အလုပ်ထွက်ချင်တဲ့အထိဖြစ်လာတတ်ပါတယ်။ ပြသနာတွေကို သေချာမဖြေရှင်းဘဲ ဘယ်သူနဲ့မှ မတိုင်ပင်ဘဲဇွတ်တရွတ်အလုပ်ထွက်ဖြစ်တာမျိုးက ကိုယ့်ရဲ့ Career အတွက် ရေရှည်မှာထိခိုက်နိုင်မဲ့လုပ်ရပ်မျိုးပါ။ ဒါတွေ ရှောင်နိုင်အောင် လုပ်သင့်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အဆင်မပြေတာတွေကို Complain တက်တဲ့အခါ ပြောသင့်တဲ့သူကို ရွေးချယ်ပါ။

အလုပ်အတူလုပ်နေတဲ့သူတွေကို အဆင်မပြေတာတွေ ခနခန ပြောပြနေလို့ကတော့ အပျက်သဘောနဲ့ အချည်းနှီးဖြစ်ပြီး အတင်းပြောတယ်ဆိုတဲ့ အနေထားလောက်နဲ့ပဲပြီးသွားမှာပါ။ ဖြစ်နေတဲ့ ပြသနာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာကို နည်းပြပြီး ကူညီဖြေရှင်းပေးနိုင်မဲ့အထက်လူကြီးဖြစ်ဖြစ်၊ အလုပ်က တာဝန်ရှိသူကို ဖြစ်တာတွေ သေချာရှင်းပြပြီး ဆွေးနွေးသင့်ပါတယ်။

Photo Credit- business

ပြသနာကို ဝေဖန်မယ်ဆိုရင်လည်း ဘက်မလိုက်ပဲ မှန်ကန်ပါစေ။

လုပ်ငန်းခွင်တိုင်းမှာတော့ ပြသနာတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေရှိမှာကတော့ မလွဲမသွေပါပဲ။ ဒါပေမယ့် အဆင်မပြေတာလေးတွေအတွက် ဝေဖန်မယ်ဆိုရင်လည်း အလုပ်လုပ်နေတဲ့သူအချင်းချင်းအတွက်ကော ဟုတ်ရဲ့လား။ ကိုယ်တွေးနေတာကော မှန်ရဲ့လား သေချာဆန်းစစ်ဖို့ လိုပါတယ်။ ပြသနာတိုင်းမှာ အဖြေရှိပါတယ်။ အမြဲဝေဖန်နေပြီး ဖြေရှင်းချက်ကို မရှာဘဲ နေလို့မရပါဘူး။

ကိုယ်ယုံကြည်ရာအတွက် ရဲရဲရင့်ရင့်ရပ်တည်ပါ။

ကိုယ့်လုပ်ငန်းခွင်နဲ့ကိုယ်လုပ်နေတဲ့အလုပ်နေရာအတွက် တိုးတက်ပြောင်းလဲစေမယ့်အရာအတွက် ဆိုရင် တွန့်ဆုတ်မနေဘဲ သေချာအစီစဉ်ဆွဲပြီး အထက်လူကြီးကို ပြောဖို့ ပြင်ဆင်ပါ။ လူတိုင်းကတော့ ကိုယ့်ကို အကောင်းမြင်မှာမဟုတ်ပါဘူး။ ကိုယ်အမှန်လုပ်တိုင်းလည်း လူချစ်ချင်မှချစ်မှာပါ။ ဒါလူ့လောကနဲ့ လုပ်ငန်းခွင်သဘာဝပါ။ ဒါတွေကို ကြောက်ရွံ့မနေဘဲ ကိုယ့်အတွက်ကော လုပ်ငန်းခွင်အတွက်ပါ အကျိုးရှိမဲ့အရာဆိုရင် ရဲရဲရင့်ရင့်သာ သေချာပြင်ဆင်ပြောဆိုမီတင်လုပ်ပါ။

Photo Credit - capiche

အလုပ်ထွက်ဖို့ထိ ဆိုးနေပြီဆိုတဲ့အခြေအနေရောက်ပြီလား ဆန်းစစ်ကြည့်ပါ။

ကိုယ်ကြုံနေရတဲ့အဆင်မပြေမှုတွေက သေးသေးလေးလား။ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပဲလား? ဖြေရှင်းလို့ညှိယူလို့ရတာမျိုးလား။ သေချာဆန်းစစ်ကြည့်ပါ။ ဒီလိုမှ မဟုတ်ဘူး။ ကြုံနေရတဲ့ ပြသနာတွေက ကိုယ့်ရဲ့ အလုပ်အကိုင်တိုးတက်မှုကို နှောင့်နှေးစေတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတာများတော့ စိတ်ဖိစီးမှုတွေ အရမ်းများလာတယ်။ အလုပ်မှာလည်းမပျော်တော့ဘူး။ အထက်လူကြီးနဲ့ညှိရတာ အဆင်မပြေတော့သလို ကိုယ့်အမြင်တွေပြောတဲ့အခါလည်း စွန့်စားနေရတယ်။ ရေရှည်အတွက် သေချာစဉ်းစားကြည့်တဲ့အခါမှာလည်း ဒီအလုပ်မှာဆက်လုပ်ဖို့ တွန့်ဆုတ်နေမိတယ်။ မပျော်တော့ဘူးဆိုရင်တော့ အလုပ်ပြောင်းဖို့စဉ်းစားသင့်တဲ့အချိန်လို့ပဲပြောပါရစေ။

Photo Credit -wood.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle