Jks ကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ Complexity CSGO

Jks ကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ Complexity CSGO

ကောလာဟာလတွေ ထွက်ပေါ်ပြီး နောက်မှာတော့ NA အခြေစိုက် Esports အဖွဲ့အစည်း Complexity (COL) အနေနဲ့ Justin “jks” Savage ကို အသင်းကိုယ်စားပြု CSGO ကစားသမား အဖြစ် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ Jks အနေနဲ့ COL CSGO အသင်း ကိုယ်စားပြု ကစားသမား အဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမယ့် BLAST Premier Fall Series ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ Vitality နဲ့ ပွဲစဉ်မှာ စတင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Jks အနေနဲ့ COL CSGO အသင်းကနေ စက်တင်ဘာလ စတင်ပြီး အနားယူသွားတဲ့ Own “oBo” Schlatter နေရာမှာ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။ COL CSGO အသင်း အနေနဲ့ လက်ရှိအချိန်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ပြသလျက်ရှိပြီး အောင်မြင်မှုတွေကိုလည်း ထိုက်သင့်သလောက် စွတ်ခူးလျက် ရှိတာကြောင့် Jks ကို ထပ်မံ ခေါ်ယူအားဖြည့်လိုက်ခြင်းက အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဩစတျေးလျ နိုင်ငံသားဖြစ်တဲ့ Jks အနေနဲ့ ယခင်အချိန်တွေတုန်းက ဩစတျေးလျသီးသန့် CSGO အသင်းတွေဖြစ်တဲ့ Vox Eminor, Renegads, 100 Thieves စတဲ့ အသင်းတွေမှာသာ ကစားခဲ့တာကြောင့် အခုလို နိုင်ငံတကာ ကစားသမားတွေ ပါဝင်တဲ့ COL မှာ ဝင်ရောက် ကစားခြင်းက Jks အတွက်လည်း စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

COL Esports အဖွဲ့အစည်းရဲ့ Found ဖြစ်သူ Jason Lake ကတော့ Jks ကို ခေါ်ယူနိုင်ခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Jks ကို ခေါ်ယူလိုက်နိုင်ခြင်းက ကျွန်တော်တို့ CSGO အသင်း အတွက် တကယ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။ သူ့ရဲ့အရည်အချင်းတွေ၊ အတွေ့အကြုံတွေက ကျွန်တော်တို့ အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပြီး သူ့ရဲ့ဦးဆောင်မှုတွေနဲ့ အောင်မြင်မှုတွေကို ထပ်မံ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။”

COL CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Benjamin “blameF” Bremer
  • William “RUSH” Wierzba
  • Kristian “k0nfig” Wienecke
  • Valentin “poison” Vasilev
  • Justin “jks” Savage
  • Jamie “keita” Hall (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ