တစ်နေ့ကုန် ကွန်ပျူတာနဲ့ အချိန်ကုန်နေတဲ့သူတွေလုပ်သင့်တဲ့အချက်လေးတွေကဘာတွေဖြစ်မလဲ

တစ်နေ့ကုန် ကွန်ပျူတာနဲ့ အချိန်ကုန်နေတဲ့သူတွေလုပ်သင့်တဲ့အချက်လေးတွေကဘာတွေဖြစ်မလဲ

ကွန်ပျူတာရှေ့မှာပဲတစ်နေကုန်အချိန်ပြီး အလုပ်လုပ်နေရတဲ့သူတွေက ခါးကိုက်တာတွေ၊ ကိုယ်နေဟန်ထားမမှန်တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့လိုမျိုးသူတွေကလေ့ကျင့်ခန်းလုပ်ပေးတာမျိုး၊ Yoga လေ့ကျင့်တာမျိုးလုပ်ပေးသင့်ပါတယ်။လေ့ကျင့်ခန်းတွေ အများကြီးမလုပ်ပေးချင်ရင်တောင် ဒီနည်းလမ်းလေးတွေကိုတော့ နေ့စဉ်ကိုယ်အလုပ်တွေပြီးတဲ့အချိန်ပဲဖြစ်ဖြစ်၊ အနားယူတဲ့အချိန်မျိုးတွေမှာလုပ်ပေးသင့်ပါတယ်။
ယောဂလေ့ကျင့်ပါ
ယောဂလေ့ကျင့်ခြင်းက စိတ်တည်ငြိမ်မှုကိုရစေနိုင်တဲ့အပြင် ကြွက်သားတွေကိုသန်စွမ်းစေပါတယ်။ခါးနာခြင်း၊ကြက်သွားတင်းမာမှုဖြစ်ခြင်းတို့ကိုလည်းလျော့ချပေးနိုင်တဲ့ အတွက် မနက်ခင်းတိုင်းဆော့သင့်တဲ့ အလေ့အကျင့်တစ်ခုထဲမှာပါပါတယ်နော်။ယောဂလေ့ကျင့်ခြင်းက လက်ရှိအသက်အရွယ်အတွက်ကောင်းကျိူးရနိုင်တာမျိုးမဟုတ်ပဲနဲ့ အသက်ကြီးလာတာနဲ့အမျှခန္ဓာကိုယ်ရဲ့အရိုးတွေကိုကောင်းမွန်စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။


ရေများများသောက်ပါ
ရေများများသောက်ပေးခြင်းက ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေကိုဖြေရှင်းပေးနိုင်တဲ့အပြင် ကျောက်ကပ်တွင်ကျောက်တည်တာတွေကိုလည်းတာဆီးပေးနိုင်ပါတယ်။လူကိုလည်းလန်းဆန်းတက်ကြွစေတဲ့အတွက်အလုပ်တွေပင်ပန်းနေရင်လည်း လျော့ဆင်းသွားနိုင်ပါတယ်။


ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးခြင်းက အားလည်းဖြစ်စေသလိုအလုပ်လုပ်ဖို့အတွက်လည်းအားဖြစ်စေပါတယ်။ ကိုလက်(စ်)ထရောမြင့်မားတဲ့ အစားစာတွေက အရိုးအဆစ်တွေကိုပြသာနာဖြစ်လာစေနိုင်တဲ့အတွက်ရှောင်ရှားသင့်ပါတယ်နော်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest