ချစ်ရတဲ့မိသားစုတွေ သူငယ်ချင်းတို့နဲ့အတူ ပြီးပြည့်စုံတဲ့ Movie Time လေးကို ဘယ်လိုဖန်တီးကြမလဲ

ချစ်ရတဲ့မိသားစုတွေ သူငယ်ချင်းတို့နဲ့အတူ ပြီးပြည့်စုံတဲ့ Movie Time လေးကို ဘယ်လိုဖန်တီးကြမလဲ

Movie Time လေးကို ပိုပျော်စရာဖြစ်အောင် ဖန်တီးဖို့ လိုပါတယ်။ ပထမဆုံးအနေနဲ့ ကလေး၊လူကြီးမရွေး ကြိုက်တဲ့ Channel ၊ ကြိုက်တဲ့ဇာတ်ကားတွေကို TV Screen မှာ ပျော်ပျော်ကြီး ကြည့်လို့ရနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း လူစုံတက်စုံ တက်ရောက်တဲ့ Movie Time စုရပ်လေးဖြစ်မှာပေ့ါ။

ဒီအတွက်ဆိုရင်တော့ Cookie Home လေးရှိနေပါပြီ။ ခါတိုင်း ဖုန်းထဲကနေပဲ ကြည့်လို့ Cookie App ကနေပဲ ကြည့်လို့ရတာမဟုတ်တော့ပဲ အဆင့်မြင့်ထားတဲ့ Cookie ရဲ့ Android TV Box နဲ့ တပ်ပြီး TV ဖန်သားပြင်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်လို့ရတယ်။ ကြည့်စရာတွေကတော့ စုံသလား မမေးပါနဲ့။  နိုင်ငံတကာက နာမည်ကြီး Channels တွေ၊ အကောင်းဆုံး Rating ရထားတဲ့ ဇာတ်ကားတွေ၊ ကလေးတွေအတွက်ဆိုလည်း စုံလင်တဲ့ Animation ကားလေးတွေ ကာတွန်းကားတွေ၊ Cookie Original Series တွေ၊ တော်ရုံရှာရမလွယ်တဲ့ ရွှေဖြစ်ခဲ့တဲ့ မြန်မာကားတွေ၊ရုံကြီးကားတွေကို ဈေးသက်သက်သာသာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အဲဒါအပြင် လူကြီးတွေအတွက်လည်း နိုင်ငံတကာသတင်းတွေ Live လွှင့်နေတာမျိုးတွေကိုလည်း မလွတ်တမ်း ကြည့်လို့ရမယ်။ အကောင်းဆုံးကတော့  ကောင်းခန်းရောက်လာရင် ကြော်ငြာတွေ ဝင်ဝင်မလာဘဲ အနှောက်အယှက်ကင်းကင်းကြည့်နိုင်မှာပါ။

ဒီ Cookie Home set-top box လေးက တပ်ရတာအရမ်းလွယ်ပါတယ်။ HDMI ကြိုးနဲ့ ချိတ်ဆက်အသုံးပြုလို့ရတဲ့ HD TV sets သို့မဟုတ် 4K/ UHD TV sets တီဗီတွေမှာတပ်ဆင်နိုင်ပြီး အိမ်မှာဝိုင်ဖိုင်လည်းရှိရင် အေးဆေးဖြစ်သွားပါပြီ။  စက်ဝယ်ယူသူတိုင်းကို Cookie App ကို တစ်လ အခမဲ့အသုံးပြုခွင့်ရမယ့်အပြင် ချယ်နယ်ပေါင်းမြောက်များစွာပါပြီး အခမဲ့ရုပ်ရှင်ပေါင်းများစွာပါတဲ့ အရမ်းတန်တဲ့ Cookie Premium Plan ကိုလည်း တစ်လ အခမဲ့ ကြည့်ရှုခွင့်ရမှာပါ။

ကဲ Cookie Home လေးရှိနေပြီဆိုရင်တော့ နောက်လိုတာက ရုပ်ရှင်ကြည့်ရင်း စားဖို့ Snacks လေးတွေ ပြင်ဆင်ထားဖို့ပါပဲ။ ကလေးလူကြီးအကြိုက် ပေါက်ပေါက်ဆုပ်လေးတွေ၊ ပီဇာတို့ အချိုရည်လေးတွေက ကြိုဝယ်ထားလို့ရတယ်လေ။  နောက်တစ်ခုကတော့ အားလုံးသက်သောင့်သက်သာနဲ့ ကြည့်နိုင်ဖို့အတွက်လည်း နေရာထိုင်ခင်းလေးလုပ်ထားပါ။ အရမ်းပူနေရင် အဲကွန်းလေး အဆင်သင့်ဖွင့်ထားတာမျိုး အေးဆေးကြည့်နိုင်အောင် တံခါးလေးတွေပိတ်ထားတာမျိုး၊ လူစုံအတွက် ဆိုဖာထိုင်ခုံသေချာပြင်ထားတာမျိုးပေ့ါ။ ဖုန်းလေးတွေကိုလည်း တတ်နိုင်ရင် Slient လုပ်ထားတာမျိုး၊ လုပ်စရာရှိတဲ့ အလုပ်တွေကို သေချာပြီးပြတ်အောင် လုပ်ထားတာမျိုးကလည်း ရုပ်ရှင်ကြည့်နေတုန်း နောက်ဆံမတင်းရအောင် လုပ်ထားသင့်ပါတယ်။

ကလေးတွေနဲ့အတူတူကြည့်မယ်ဆိုလည်း သူတို့လေးတွေနဲ့အတူတူ ရုပ်ရှင်ကြည့်ရင်း အပြန်အလှန်ဆွေးနွေးကြဖို့လည်း အကြုံပြုပါရစေ။ ကလေးတွေ ဒီဇာတ်ကားလေးမှာ ဘယ်လိုသင်ခန်းစာရလဲ? ဘယ် Character ကို ကြိုက်လဲ? ဒါလေးတွေကို မေးရင်းမြန်းရင် ဖြေရင်းနဲ့ ပိုပြီး ပျော်ဖို့ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ရမှာပါ။

ဒီလောက်ဆိုရင်တော့ ပျော်စရာကောင်း ပြီးပြည့်စုံတဲ့ မိသားစုအချိန်လေးတွေကို ပိုင်ဆိုင်ရမယ်လို့ မျှော်လင့်ပါတယ်။Cookie Home နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုသိချင်ရင်တော့ Cookie facebook page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Kelly - Akhayar Lifestyle