ဟင်းချက်စားမယ်ဆိုရင်လွယ်ကူတဲ့နည်းလမ်းလေးတွေပေးတဲ့ Channels ၄ခု

အခုလက်ရှိဖြစ်ပွားနေတဲ့Covid-19 ဗိုင်းရပ်စ်ပိုးကြောင့်အပြင်ထွက်တာတို့၊စားသောက်ဆိုင်တွေမှာထွက်စားတာမျိုး၊လူများတဲ့နေရာတွေသွားတာမျိုးတို့ကိုလုံးဝအားမပေးချင်ပါဘူး။အခုလိုအချိန်မျိုးမှာအိမ်ထဲမှာနေရင်းနဲ့ ကိုယ့်စားချင်တဲ့မုန့်၊ဒါမှမဟုတ်အစားအသောက်အသစ်ဆန်းလေးတွေကိုအချိန်ယူပြီးလုပ်စားဖို့အကောင်းဆုံးချိန်ပါ။အစားအသောက်တွေကိုကိုယ့်ရဲ့မိသားစုဝင်တွေနဲ့အတူတူဝိုင်းပြီးတော့ချက်စားရတာကလည်း ဘဝမှာမေ့မရနိုင်တဲ့အမှတ်တရကောင်းလေးတွေပါ။ဒီလိုဆိုရင် Youtube ပေါ်ကနေလွယ်လွယ်ကူကူနဲ့ကြည့်လို့လည်းရပြီး၊ကြည့်ရင်းနဲ့လည်းဗိုက်ဆာလာအောင်လုပ်ပေးတဲ့ Channels လေးတွေကိုပြောပြပေးချင်ပါတယ်။

ဒီ Cookat Channel လေးကမုန့်အချိုတွေဘာတွေလုပ်စားလို့ရတဲ့နည်းတွေလည်းပါတယ်။နောက်ပြီး Noodle ကိုအရသာအမျိုးမျိုးဘယ်လိုလုပ်စားလို့ရနိုင်လဲဆိုတဲ့နည်းလမ်းလေးတွေပါတယ်။ပါဝင်တဲ့ပစ္စည်းတွေကိုလည်းရှင်းရှင်းလင်းလင်းပြောပြပေးထားပြီးကြည့်လိုက်တာနဲ့လည်းလုပ်စားချင်စိတ်ဖြစ်အောင်ရိုက်ပြထားလို့အရမ်းကိုအဆင်ပြေပါတယ်။

Home Cooking Show က India အစားစာတွေကိုအများဆုံးလုပ်ပြတဲ့ Channel တစ်ခုပါ။ဒံပေါက်တို့ဘာတို့ကြိုက်တယ်၊India Food တွေကိုအရမ်းလုပ်စားချင်တဲ့သူဆိုရင်တော့သူပြောပြထားတဲ့နည်းလမ်းလေးတွေအတိုင်းလိုက်လုပ်လို့အဆင်ပြေပြီးလုပ်စားမယ်ဆိုရင်လည်းသူရဲ့အရသာကိုလုံးလုံးကြီးမမှီချင်နေ သူ့နီးပါးတော့ကောင်းလောက်တယ်။သူလုပ်ပြတာလေးတွေကလည်းတကယ်ကိုစားချင်စိတ်ဖြစ်အောင်ရိုက်ပြထားတာမို့ တကယ်ကိုကြည့်ပြီးလိုက်လုပ်စားသင့်တဲ့ Channel လေးတစ်ခုပါ။

Dianxi Xiagoe Channel လေးကဟင်းကြီးပဲ့ချက်ပြတာမျိုးမဟုတ်ပဲနဲ့ကြည့်ရတာရသစုံတယ်။သူဟင်းချက်တဲ့ပစ္စည်းတွေကိုတောထဲမှာသူကိုယ်တိုင်သွားရှာတာမျိုး၊သူနေတဲ့ရွာငယ်လေးကဘယ်လောက်ထိသာယာအေးချမ်းပြီးနေချင်စရာကောင်းလဲဆိုတာလေးတွေပါပြထားတယ်။ချက်ပြီးသွားရင်လည်းသူ့ရဲ့မိသားစုနဲ့အတူအားလုံးဝိုင်းပြီးစားကြတာလေးတွေပါတင်ဆက်ထားတာတွေရတယ်။နောက်ပြီးသူကဟင်းချက်ရင်တောဓလေ့ရဲ့အငွေ့အသက်အိုးအကြီးတွေနဲ့ချက်ပြထားတာဆိုတော့တကယ်ကိုအားရစရာကောင်းတယ်။

နောက်ဆုံးပြောပြချင်တဲ့ Hamzy Channel လေးကတော့သူက Korea Food တွေကိုလုံးဝစားချင်လာအောင်အရိုးရှင်းဆုံးချက်ပြသလို၊သူကိုယ်တိုင် အိမ်မှာနေရင်အားရပါးရစားပြတယ်ဆိုတော့ အခုလိုအချိန်မျိုးမှာဆိုလုံးဝကွက်တိဖြစ်သွားပြီနော်။သူ့ရဲ့အားသာချက်က သူ့Channel ကိုကြည့်ရင်းနဲ့သူစားနေတာတွေအရမ်းစားချင်လာတာ၊ပြီးတော့သူကအရမ်းစားပြနိုင်တာဆိုတော့အရမ်းအားကျရပါတယ်။ဟင်းချက်တာလည်းတော်တော်ကောင်းပုံရတယ်။
ဒီ Youtube Channels လေးတွေကိုကြည့်ပြီးအိမ်တွင်းအောင်းရင်းနဲ့အရသာရှိတဲ့အစားအသောက်လေးတွေလုပ်စားရင်းကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်လေးတွေကုန်ဆုံးနိုင်ကြပါစေနော်။
Kelly (Akhayar Lifestyle)