ဟင်းချက်နည်းတွေကို ဘယ် Page တွေမှာအလွယ်တကူကြည့်နိုင်မလဲ
အခုလို Stay at home ကာလတွေမှာ အိမ်မှာနေကြရင်း ကိုယ်စားချင်တာလေးတွေကို တစ်ခုပြီး တစ်ခုလုပ်စားနေကြတယ်ဟုတ်။ ဒါပေမဲ့ ဟင်းသိပ်မချက်တတ်တဲ့သူတွေအနေနဲ့ ကိုယ်တိုင်လည်းချက်ကြည့်ချင်၊ ချက်နည်းကလဲ သိပ်မသိဆိုတဲ့သူတွေအတွက် လွယ်ကူသွားအောင်လို့ ပြည်တွင်းက ကောင်းနိုးရာရာ Page လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
- Nandar's Kitchen
Page တွေထဲမှာတော်တော်သဘောကျတဲ့ cooking page တစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင်က အစားအသောက်နဲ့ဟင်းချက်နည်းတွေအကြောင်းနှံ့စပ်တဲ့အပြင် video လေးတွေ photo လေးတွေနဲ့ တစ်ဆင့်ချင်းအသေးစိတ်ရှင်းပြတတ်သူဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးချက်ပြုတ်နိုင်တဲ့ receipe ကစပြီး special menu တွေအထိလေ့လာလို့ရပါတယ်။ Facebook Live နဲ့ youtube channel ပါရှိလို့ အဆင်ပြေသလိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Page Link - https://www.facebook.com/nandarskitchen/
2. Eain Chat
Eain Chat Page လေးကတော့ အိမ်ရှင်မတွေအကြိုက်ဖြစ်မဲ့ Page လေးပါ။ လွယ်လွယ်ကူကူချက်လို့ရမဲ့ ဟင်းချက်နည်း ဗီဒီယိုနဲ့ ပုံလေးတွေအပြင် Lunch box လုပ်နည်းလေးတွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ မြန်မာအစားအစာချက်နည်းတွေကို စုံစုံလင်လင်ကြည့်ရှုနိုင်မှာဖြစ်လို့ မြန်မာ့အစားအစာကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရှုသင့်တဲ့ page တစ်ခုပါပဲ။
Page Link - https://www.facebook.com/eainchat/
3. Meemeetofu
မြန်မာမုန့်လေးတွေနဲ့ အသုပ်မျိုးစုံကို အာသီသရှိပြီးစားချင်နေတဲ့သူတွေအတွက်တော့ Meemeetofu Page လေးက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ့်အကြိုက် ဘယ်တော့မှမရိုးတဲ့ မြန်မာမုန့်လေးတွေနဲ့ အသုပ်တွေကို Stay at home ကာလမှာ ကိုယ့်စိတ်တိုင်းကျလုပ်စားကြမယ်လေ။
Page Link - https://www.facebook.com/MeeMeeTofu/
4. Akhayar - Food
ဟင်းချက်နည်းတွေပြီးသွားရင်တော့ အချိုပွဲလေးတွေနဲ့ Covid ကြောင့် ဝေးကွာနေတာကြာပြီဖြစ်တဲ့ Street Food တွေနဲ့ရန်ကုန်မြို့ထဲက အစားအသောက်ကောင်းတွေဘက်ကိုလှည့်ရအောင်။ Akhayar-Food Page မှာ လွယ်လွယ်ကူကူနဲ့အချိန်တိုအတွင်းလုပ်စားနိုင်မဲ့ Receipe တွေရှိပါတယ်နော်။ ပြီးတော့ အရသာရှိတဲ့ Street Food တွေကိုလည်းဖော်ပြပေးထားလို့ စားချင်တာတွေကို အကြွေးမှတ်ထားကြရအောင်။
Page Link - https://www.facebook.com/akhayarfood/
Stay at home ကာလမှာ အရသာရှိတဲ့ ဟင်းလျာတွေအများကြီးချက်နိုင်ကြပါစေနော်။ ပရိသတ်ကြီး သိတဲ့ page လေးတွေရှိရင်လည်း comment မှာပြောပြပေးပါဦးနော်။
Mavvy