အသင်းလက်မဲ့ဘဝကို ပြန်လည် ရောက်ရှိသွားခဲ့တဲ့ Dota2 ကစားသမား Cooman

အသင်းလက်မဲ့ဘဝကို ပြန်လည် ရောက်ရှိသွားခဲ့တဲ့ Dota2 ကစားသမား Cooman

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က CIS အခြေစိုက် Dota2 အသင်း Cyber Legacy အနေနဲ့ အသင်းရှိ ကစားသမား လေးဦးကို ထုတ်ပယ်ခဲ့ပြီး Carry ကစားသမားဖြစ်သူ Cooman ဦးဆောင်တဲ့ Dota2 အသင်းသစ်ကို မကြာခင် အချိန်အတွင်း ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း Cyber Legacy အနေနဲ့ လတ်တလော ကာလအတွင်း Dota2 အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းသွားဖို့ ဖြစ်နိုင်ခြင်း မရှိသေးတာကြောင့် Cooman ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် VK Page ကနေ တစ်ဆင့် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ Cooman အနေနဲ့ Cyber Legacy Dota2 အသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး OMEGA League: Divine Division မှာ တတိယနေရာ ရရှိအောင် ကူညီ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

Cyber Legacy Dota2 အသင်းကို Cooman အပါအဝင် CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့သလို ရလဒ်ဆိုးတွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရတာကြောင့် Cooman တစ်ဦးတည်းကိုသာ အသင်းမှာ ချန်ထားပြီး အခြားသော ကစားသမား လေးဦးကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

မူလ ပထမက ပြန်လည် ဖွဲ့စည်းသွားမယ့် Cyber Legacy Dota2 အသင်းကို Cooman အပေါ် အခြေပြုပြီး ဖွဲ့စည်းသွားဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ကာလအတွင်း အသင်းသစ် ပြန်လည် ဖွဲ့စည်းသွားဖို့ ဖြစ်နိုင်ခြင်း မရှိတာကြောင့် Cooman ကိုပါ အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ရတာ ဖြစ်ပါတယ်။ Cyber Legacy အဖွဲ့အစည်း အနေနဲ့ Dota2 လောက အတွင်းကို ကစားသမား အသစ်တွေနဲ့အတူ ပြန်လည် ဝင်ရောက် လာမလား ဆိုတာကို လက်ရှိအချိန်ထိ တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ပရိသတ်တွေ အတွက် ကြေညာချက် တစ်ခုကို ထပ်မံ ထုတ်ပြန် ပေးသွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။

ဖျက်သိမ်းသွားခဲ့တဲ့ CL Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Cooman – Pos 1
  • Magical – Pos 2
  • Blizzy – Pos 3
  • Bignum – Pos 4
  • CeMaTheSlayeR – Pos 5
  • ArsZeeqq – Coach

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle