ကိုရိုနာဗိုင်းရပ်စ်အတွက် ဆောင်ရန်ရှောင်ရန်အချက်လေးများ

ကိုရိုနာဗိုင်းရပ်စ်အတွက် ဆောင်ရန်ရှောင်ရန်အချက်လေးများ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်မည့်နည်းလမ်းတွေအခုချိန်မှာအရေးကြီးဆုံးနဲ့အထိရောက်ဆုံးဖြစ်နေမှာပါ။ကာကွယ်ရမည့်နည်းလမ်းတွေကိုလည်း Akhayar Media ကလည်းမသိသေးတဲ့သူတွေသိအောင်ဆင်ခြင်ရမဲ့နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်နော်။လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ခံစားနေရသူများနှင့်အနီးကပ်ထိတွေ့ခြင်းမှာရှောင်ကြဉ်ပါ။လက်ကို စင်ကြယ်အောင်မကြာခဏဆေးပါ။နှာချေ၊ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ပါ။အသုံးပြုပြီးသား တစ်ရှူးကိုအမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။အခုပြောပြတဲ့အချက်လေးတွေအပြင် နောက်ထပ်ဆင်ခြင်ရမဲ့အချက်တွေကိုလည်းပုံလေးနဲ့တကွ Do and Don't အကြောင်းအရာလေးကိုလည်းပြထားပါတယ်။

Kelly (Akhayar Lifestyle)

Photos Crd- Health Myanmar