ကိုရိုနာကိုကြောက်လို့အိမ်တွင်းအောင်းနေတဲ့သူတွေအတွက်အချိန်ကိုဘယ်လိုအကျိုးရှိအောင်အသုံးချမလဲ

ကိုရိုနာကိုကြောက်လို့အိမ်တွင်းအောင်းနေတဲ့သူတွေအတွက်အချိန်ကိုဘယ်လိုအကျိုးရှိအောင်အသုံးချမလဲ

ကိုရိုနာသတင်းတွေကြောင့်အိမ်တွင်းအောင်းနေမယ်။အပြင်သွားရမှာလည်းကြောက်တယ်။လူတွေအများကြီးရှိတဲ့နေရာတွေဆိုလုံးဝမသွားချင်ဘူးအခန်းတွင်းအောင်းနေချင်တယ်ဆိုရင် အစားအသောက်တွေကြိုဝယ်စုထားပြီး အိမ်တွင်းအောင်းချင်တဲ့သူတွေအတွက် အချိန်ကိုဘယ်လိုအကျိုးရှိအောင် ဘယ်လိုအသုံးချသင့်လဲဆိုတာ နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်။

အခန်းရှင်းပါ
ကိုရိုနာရောဂါကာကွယ်ဖို့လက်သေချာဆေးဖို့တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့ကျန်းမာရေးအဖွဲ့အစည်းတွေကထပ်ခါတလဲလဲသတိပေးထားပါတယ်။ဒီလိုအခြေအနေဆိုးတွေရောက်နေတဲ့အချိန်ဆိုရင် စိတ်တွေကအရမ်းမွန်းကြပ်နေတဲ့အချိန်မျိုးပေါ့နော်။ကိုယ့်ရဲ့အခန်းလေးကိုအရင်ရှင်းလိုက်ပါ။ကိုယ့်ပတ်ဝန်းကျင်က ရှင်းလင်းနေဖို့လိုအပ်ပါတယ်။ဒါမှမဟုတ် အိမ်ကိုသန့်ရှင်းရေးလုပ်လိုက်ပါ။အိမ်ကသန့်ရှင်းနေရင်ရောဂါတွေမကူးနိုင်သလိုစိတ်လည်းရှင်းပါတယ်။

New TV Show ကြည့်ပါ
အလုပ်တွေရှပ်နေလို့ TV မကြည့်ဖြစ်ဘူး၊ ဖုန်းနဲ့ပဲ့အချိန်ကုန်ဖြစ်နေတယ်ဆိုရင် TV ကိုပြန်ဖွင့်ပြီးကြည့်ဖို့အကြံပေးချင်ပါတယ်။ဘာလို့လည်းဆိုတော့ကိုယ့်မလုပ်ဖြစ်တာကြာတဲ့အရာတစ်ခုကိုပြန်လုပ်ကြည့်ရင် စိတ်ကျေနပ်မှုတစ်ခုလေရပြီတော့ ရီရတဲ့ Channel တွေကိုပိုကြည့်ပေးသင့်ပါတယ်နော်။

ဟင်းချက်နည်းအသစ်တွေစမ်းကြည့်ပါ
အပြင်လည်းမထွက်ရဘူး၊စားချင်တဲ့အစားအသောက်တွေကိုလည်းအပြင်ထွက်စားလို့လည်းအဆင်မပြေဘူးဆိုရင် ကိုယ်စားချင်တဲ့အစားအသောက်လေးကို YouTube , Facebook ကိုပဲအားကိုးလိုက်ကြပါ။အထားခံတဲ့အစားစာတွေကကိုဘယ်လိုချက်ပြီးစားမလဲဆိုတာရှာဖွေလိုက်ပါ။အစားအသောက်စားခြင်းကလည်းသင့်ကိုစိတ်ကျေနပ်မှုပေးနိုင်ပါတယ်။

အနာဂတ်အတွက်ပြင်ဆင်ပါ
လူသန်းချီပြီးသေစေခဲ့တဲ့ ပထမကမ္ဘာစစ်က စပိန်ငှက်ဖျားတို့ အလယ်ခေတ်ကမဟာပုလိပ်ရောဂါကပ်ကြီးတို့လည်းအမြဲရှိမနေခဲ့ပါဘူး။ရောဂါပျောက်သွားရင် ကျန်ခဲ့တဲ့သူတွေက ဖြစ်ခဲ့တာတွေကိုထားပြီး ရှေ့ဆက်ရတာပါပဲ။အဖြစ်အပျက်တွေကအချိန်တိုလေးအတွင်းမှာဖြစ်သွားတယ်ဆိုပေမယ့်လည်း ကိုယ်အနာဂတ်ကတော့သေဆုံးသွားမှာမဟုတ်ပါဘူး။ရှေ့ဆက်ရအုံးမှာပါ။အခန်းတွင်းအိမ်းတွင်းအောင်းနေတဲ့အချိန်မျိုးတွေမှာ ကိုယ့်အနာဂတ်အတွက်ဘယ်လိုပြင်ဆင်ထားမလဲ ဘယ်လို့လေ့လာသင်ယူနေမလဲဆိုတာ အားလုံးငြိမ်ပြီး ကပ်ဆိုးကြီးကနေလွတ်မြောက်သွားတဲ့အချိန်ကျရင် ကိုယ်ကသူများထက်ခြေတစ်လှမ်းသာနေသူဖြစ်နေမှာပါ။

အပြင်ကိုမဖြစ်မနေသွားမှရမယ်ဆိုရင်တော့ Mask တပ်ပါ။လက်ခဏခဏဆေးပေးပါ။ကိုယ့်ခန္ဓာအားရှိစေတဲ့အစားအသောက်တွေစားပေးပါ။Hand Gel (လက်သန့်ဆေးရည်) တွေကိုကိုယ်နဲ့မကွာဆောင်ထားပါ။လူစုလူဝေးရှိတဲ့နေရာတွေကိုအဓိကရှောင်ပါလို့ သတိလေးပေးချင်ပါတယ်နော်။

Kellly ( Akhayar Lifestyle)

Photos Credit