ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကာအိုမှာ ကျင်းပသွားမယ့် WESG APAC Final ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကာအိုမှာ ကျင်းပသွားမယ့် WESG APAC Final ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီ

WESG APAC Final ပြိုင်ပွဲများကို အစပထမက ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မကာအိုမှာ ပြောင်းလဲ ကျင်းပသွားမှာဖြစ်တဲ့ အကြောင်းကို သက်ဆိုင်ရာ အသင်းတွေဆီကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ အကြောင်းကြားခဲ့ပါတယ်။

ယခုအခါမှာတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မကာအိုမှာ ကျင်းပသွားမယ့် WESG APAC Final ပွဲစဥ်များကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း WESG ဘက်က တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တော်မှာ ကိုရိုနာဗိုင်းရပ်ပိုးကြောင့် အသက် သေဆုံးသူ ၁၇ ယောက်အထိ ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါပိုးကူးစက်ခံရသူ အယောက် ၅၀၀ ခန့် ရှိနေခဲ့ပြီ ဖြစ်တာကြောင့် မလိုလားအပ်တဲ့ ရောဂါပိုး ကူးစက်မှုတွေ ထပ်မံ ဖြစ်ပွားခြင်း မရှိစေဖို့ အတွက် အခုလို WESG APAC Final ပွဲစဥ်တွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

WESG APAC Final ပြိုင်ပွဲမှာ နာမည်ကျော် Esports ကဏ္ဍနှစ်ခုဖြစ်တဲ့ Dota 2 , CS:GO ပြိုင်ပွဲတွေကို ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတကာမှ နာမည်ကျော် Dota 2 အသင်းတွေဖြစ်တဲ့ 496 Gaming, Team Aster, Keen Gaming စတဲ့ နာမည်ကျော် အသင်းတွေ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံ ကိုယ်စားပြု Dota 2 အသင်း Team Myanmar ၊ Rajjix, GH တို့ပါဝင်တဲ့ Team Lebanon ၊ Mage, Afromoush တို့ ပါဝင်တဲ့ Team Jordan ၊ Attacker ပါဝင်မယ့် Portal Esports တို့ ပါဝင်မှာ ဖြစ်တဲ့အပြင် WESG APAC Final မှာ ပထမ၊ ဒုတိယ၊ တတိယ ရရှိလာမယ့် အသင်းတွေ အနေနဲ့ တရုတ်နိုင်ငံ၊ Chongquing မြို့တော်မှာ ကျင်းပသွားမယ့် World Electronics Esports 2019 ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ WESG APAC Final ပြိုင်ပွဲကို ဘယ်နေရာ၊ ဘယ်အချိန်ကို ပြောင်းရွေ့ ကျင်းပသွားမယ် ဆိုတာကို တရားဝင် ကြေငြာခြင်း မရှိသေးတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်သွားနိုင်တဲ့ အချိန်မှသာ မကာအိုမှာ ပြန်လည် ကျင်းပသွားမလား ဒါမှမဟုတ် အရင်တုန်းက စီစဥ်ထားတဲ့အတိုင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ ပြန်လည် ကျင်းပသွားမလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming, HLTV

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle