ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာအနှံ့ Nintendo Switch ပစ္စည်းပျက်မှုများနဲ့ ရင်ဆိုင်ရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာအနှံ့ Nintendo Switch ပစ္စည်းပျက်မှုများနဲ့ ရင်ဆိုင်ရဖွယ်ရှိ

တရုတ်နိုင်ငံကနေ စတင် ပျံ့နှံ့လာလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ Nintendo Switch ပစ္စည်းပျက်မှုများနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ သိရပါတယ်။ Nintendo Switch ရဲ့ အဓိက အစိတ်အပိုင်း အများစုကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့တော်မှာ တည်ရှိနေတဲ့ စက်ရုံတွေမှာ ထုတ်လုပ်လျက် ရှိပါတယ်။

ဒါပေမယ့်လည်း ဝူဟန်မြို့ဆိုတာ ကိုရိုနာဗိုင်းရပ်စ် စတင် ပြန့်ပွားရာ မြို့တစ်မြို့ ဖြစ်တဲ့အပြင် လက်ရှိအချိန်မှာ ဝူဝန်မြို့ အတွင်းမှာ တည်ရှိနေတဲ့ စက်ရုံ အများစုကို ပိတ်ထားတာကြောင့် Nintendo Switch ရဲ့ အစိတ်အပိုင်း အများစုကို ထုတ်လုပ်နိုင်ခြင်း မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

Bloomberg ရဲ့သုံးသပ်ချက်များအရ Nintendo Switch ကို အမေရိကန်နိုင်ငံ နဲ့ ဥရောပဒေသတွေမှာ ဧပြီလ နောက်ပိုင်းက စတင်ပြီး ပစ္စည်း ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင် သွားရဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Bloomberg ရဲ့ သုံးသပ်ချက်ကို Nintendo ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ အခုလိုပဲ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံနဲ့ ဥရောပဒေသတွေကို Nintendo Switch တင်သွားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Nintendo Switch တွေကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့သွားခြင်း မရှိစေဖို့ အတွက် ဂရုတစိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ယခုလ အစောပိုင်း ကာလမှာ Nintendo အနေနဲ့Nintendo Switch Animal Crossing: New Horizons Aloha ကို မကြာခင် အချိန်တွင်း ရောင်းချသွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပေမယ့် အဆိုပါ Nintendo Switch Limited Edition ရဲ့ အစိတ်အပိုင်းတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်တာကြောင့် Nintendo Switch Animal Crossing: New Horizons Aloha‌ ကို ရောင်းချသွားမယ့် အစီအစဥ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

ဒါကြောင့် Bloomberg ရဲ့ သုံးသပ်ချက်များအရ Nintendo Switch ကို ဧပြီလ နောက်ပိုင်းကနေ စတင်ပြီး ဝယ်ယူလို့ မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်သွားရမလား ဒါမှမဟုတ် Nintendo အနေနဲ့ ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဖြေရှင်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ