ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးဖော်စပ်မှုတွေပေါ်ထွက်လာပြီလား?

ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးဖော်စပ်မှုတွေပေါ်ထွက်လာပြီလား?

လျင်မြန်စွာ ကူးစက်ပျံ့နှံလျှက်ရှိသော Covid-19 wuhan coronavirus အန္တာရယ်ကြောင့်  ကမ္ဘာတစ်ဝန်းနိုင်ငံတစ်ဝန်းရှိလူအများဟာစိုးရိမ်မှုအပြည့်နဲ့နေထိုင်နေရပါတယ်။သိပ္ပံရှင်များကလည်းထိုကပ်ရောဂါဆိုးကြီးကိုတိုက်ထုတ်နိုင်ဖို့အတွက်လည်းအချိန်နဲ့တစ်ပြေးညီကြိုးစားနေကြပြီး အခုချိန်မှာတော့ကာကွယ်ဆေးကိုမကြာခင်မှာဘဲ့လူတွေနဲ့စမ်းသပ်ဖို့အတွက်လည်းထုတ်ပြန်လိုက်ပါပြီ။ကာကွယ်ဆေးကြောင့်လည်းအသက်ပေါင်းများစွာကိုကွာကွယ်ဖို့အတွက်လည်းယုံကြည်နေကျပါတယ်။

တရုတ်နိုင်ငံဝူဟန်မြို့မှအစပျိုးခဲ့သောကိုရိုနာဗိုင်းရပ်စ်ဟာတရုတ်နိုင်ငံသာမက ကမ္ဘာကြီးရဲ့တစ်ချို့နေရာတွေမှာပါတောမီးသဖွယ်ပြန်နှံ့နေပြီးလူပေါင်း ၇၈၀၀၀ လောက်ကူးစက်ခံနေရပါတယ်။အသက်ဆုံးရှုံးမှုပေါင်လည်း ၂၇၀၀ ကျော်ရှိနေပါပြီ။ COVID-19 လို့ခေါ်တဲ့ဒီဗိုင်းရပ်စ် ကြောင့် တစ်ကမ္ဘာလုံးက အရေးကြီးပွဲစဉ်တွေဖြစ်တဲ့ Mobile World Congress ကိုပါဖြတ်သိမ်းလိုက်ရပါတယ်။ ဒီပွဲစဉ်ကိုဖြတ်သိမ်းလိုက်ရခြင်းက‌တော့အဓိကIT ကုမဏီကြီးတွေက ဗိုင်းရပ်စ်ကြောင့် ပါဝင်ခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ ဒီအကြောက်တရားက၂၀၂၀ တိုကျိုမှာကျင်းပမဲ့အိုလံပစ်ပွဲအပေါ်လဲခြောက်လှန့်လျက်ရှိပါတယ်။

ဒီဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ကာကွယ်ဆေးဟာယခုမှာတော်တော်ကြီးကိုလိုအပ်နေပါတယ်။ အဲ့တောကြောင့် ကျွန်တော်တို့ယခုမှာအကြာကြီးသိပ်စောင့်စရာမလိုတော့ပါဘူး။ သိပ္ပံပညာရှင်တွေအနေနဲ့ ဗိုင်းရပ်စ် ပျံနှံ့မှုစတင်ဖြစ်ပွားကတည်းက ကာကွယ်ဆေး ဖော်စပ်ဖို့ကြိုးစားလာခဲ့ရာယခုဆိုရင်ကာကွယ်ဆေးက အကောင်အထည်ပေါ်လာပြီး မကြာခင်မှာ လူတွေမှာစမ်းသပ်နိုင်တော့မယ်လို့ Moderna ကုမဏီက ကြေညာလိုက်ပါတယ်။

Wall Street journal ကပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီးကာကွယ်ဆေးကို National institute of Allergy and infectious Diseases ကို‌ထောက်ပံ့ခဲ့ပါတယ်။ ကာကွယ်ဆေးမှာဆေးနှစ်လုံးပါဝင်မှာဖြစ်ပြီး လူကြီးတွေကိုဗိုင်းရပ်စ်ကူးစက်ရန်ကနေကာကွယ်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဆေးဖော်စပ်တဲ့နေရာမှာတိုးတက်မှုရှိနေပြီး လူတွေမှာစမ်းသပ်ဖို့အတွက် July လမတိုင်ခင်တက်နိုင်သလောက်စောဖို့ကြိုးစားနေကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့လူတွေကိုမစမ်းသပ်ခင်မှာကာကွယ်ဆေးမှာပါဝင်မဲ့ပစ္စည်းတွေကိုသေချာဆုံးဖြတ်ဖို့လိုနေသေးတာကြောင့်အခုလိုကြန့်ကြာနေသေးတာလဲဖြစ်ပါတယ်။လူတွေကိုအချိန်အတိုင်းအတာတစ်ခုအထိဗိုင်းရပ်စ်ရန်ကာကွယ်နိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကာကွယ်ဆေးမှာဘေးထွက်ဆိုးကျိုးမရှိဖို့နဲ့လူတွေကိုအန္တရယ်မဖြစ်ဖို့ကလဲအရမ်းအရေးကြီးပါတယ်။သိပ္ပံပညာရှင်တွေအနေနဲ့ကာကွယ်ဆေးကိုဒီနေ့ခေတ်လက်ရှိဆေးတွေနဲ့ပေါင်းစပ်ဖို့လဲကြိုးစားနေရသေးပါတယ်။

Kelly (Akhayar Lifestyle)

Photo Credit

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle