Dota2 လောကကနေ ပြန်လည် ထွက်ခွာသွားခဲ့တဲ့ Esports အဖွဲ့အစည်း CR4ZY

ခရိုအေးရှား အခြေစိုက် Esports အဖွဲ့အစည်း CR4ZY ကတော့ ကိုဗစ်-၁၉ ကာလမှာ ငွေကြေးအခက်အခဲများနဲ့ ရင်ဆိုင်ရလျက် ရှိတာကြောင့် Dota2 အပါအဝင် Esports အသင်းအားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ CR4ZY အနေနဲ့ Dota2, CSGO, LoL, VALORANT, Rainbow Six စတဲ့ Esports ကဏ္ဍတွေမှာ သက်ဆိုင်ရာ အသင်း ကိုယ်စီဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသလို အသင်း အားလုံး အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲအများစုကို ရပ်နားထားသလို Esports လောကအတွင်း မရေရာ မသေချာမှုတွေ များပြားလျက် ရှိနေတာကြောင့် CR4ZY Esports အဖွဲ့အစည်း အနေနဲ့ အခုလို ကစားသမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
⚠️ IMPORTANT UPDATE ⚠️ This year has been really challenging and eventful but now it's time to focus on the next chapter. Huge thanks to our Dota 2 and CS:GO teams on everything they did under the CR4ZY banner.
— CR4ZY (@gocr4zy) October 5, 2020
📃 Read the full update: https://t.co/IdByf7BDCh pic.twitter.com/0TjeDyGKgD
“၂၀၂၀ နှစ်အစမှာ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ CS:GO, Dota2 နဲ့ Rainbow Six: Siege တို့မှာ အောင်မြင်တဲ့ အသင်းတွေကို တည်ထောင် သွားနိုင်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားသလိုပဲ CR4ZY လက်အောက်ခံ အသင်းများဟာ သက်ဆိုင်ရာ ကဏ္ဍကိုယ်စီမှာ အောင်မြင်တဲ့ အသင်းတွေ အဖြစ်လည်း ရပ်တည်နိုင်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ပေါ်ပေါက်လာတဲ့ အချိန်မှာ အများနည်းတူ ကျွန်တော်တို့ Esports လောကသားတွေ အနေနဲ့လည်း အခက်အခဲတွေနဲ့ စတင် ရင်ဆိုင်ခဲ့ရပါတယ်။ LAN ပြိုင်ပွဲအဖြစ် ကျင်းပသွားဖို့ ရည်ရွယ်ထားတဲ့ ပြိုင်ပွဲအများစုဟာ အွန်လိုင်းပြိုင်ပွဲတွေ အဖြစ် ပြောင်းလဲသွားခဲ့သလို TI10 အပါအဝင် Esports လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတွေဟာ ဆိုရင်လည်း ရက်အကန့်အသတ်မရှိ နောက်ဆုတ်သွားခဲ့ပါတယ်။

အခုလို ပြိုင်ပွဲအများစု ရွေ့ဆိုင်းသွားခြင်း အွန်လိုင်းပြိုင်ပွဲတွေ နည်းပါးခြင်းကြောင့် ကျွန်တော်တို့ CR4ZY Esports အဖွဲ့အစည်း အနေနဲ့ ငွေရေးကြေးရေး ပြဿနာတွေနဲ့ စတင် ရင်ဆိုင်လာခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဆက်လက် ရပ်တည်သွားဖို့ မဖြစ်နိုင်တော့တာကြောင့် CR4ZY Esports အဖွဲ့အစည်းနဲ့ ချုပ်ဆိုထားတဲ့ ကစားသမား အားလုံးရဲ့ စာချုပ်သက်တမ်းကို ပယ်ဖျက်ခဲ့ရတာဖြစ်ပြီး ကျွန်တော်တို့ အဖွဲ့အစည်း လက်အောက်ခံ ကစားသမားတွေ အနေနဲ့လည်း နှစ်သက်ရာ အသင်းကို ပြောင်းရွေ့ကြေး အခမဲ့ဖြင့် ပြောင်းရွေ့ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
CR4ZY Esports အဖွဲ့အစည်း လက်အောက်မှာ ဝင်ရောက် ကစားခဲ့တဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ Esports လောက အတွင်းကို အသစ်သစ်သော ပြင်ဆင်မှုတွေနဲ့ ပြန်လည် ဝင်ရောက်လာနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။”
REF: VpEsports