Carry ကစားသမားဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ CR4ZY Dota2 အသင်း

BTS Pro Series: Americas Season 2 အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ CR4ZY Dota2 အသင်းကတော့ Carry ကစားသမားဖြစ်သူ Oliver “skiter” Lepko နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

Skiter အနေနဲ့ Fighting Pandas Dota2 အသင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရောက်ရှိခဲ့တာဖြစ်ပြီး StarLadder ImbaTV Dota2 Minor မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် Fighting Pandas Dota2 အဖွဲ့သားတွေကို CR4ZY Esports အဖွဲ့အစည်း အနေနဲ့ အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်းမှာ ဝင်ရောက် ယှဉ်ပြိုင်စေဖို့ အတွက် စာချုပ်ချုပ် ခေါ်ယူခဲ့ပါတယ်။
CR4ZY Dota2 အသင်း အနေနဲ့ NA အခြေစိုက် Dota2 ပြိုင်ပွဲ အများစုမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပေမယ့် လက်ရှိအချိန်ထိ ကြီးကြီးမားမား အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခြင်း မရှိသေးတာကြောင့် အခုလို ကစားသမား အပြောင်းအလဲ တစ်ခုကို ပထမဆုံး အနေနဲ့ ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
Unfortunately, the #C4Dota2 and @Skiter decided to go their separate ways. Thank you for everything you did during the past several months and good luck going forward. We wish you all the best. Always #gocr4zy pic.twitter.com/IoUsDknulv
— CR4ZY (@gocr4zy) June 15, 2020
“Skiter နဲ့ ကျွန်တော်တို့ CR4ZY Dota2 အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Skiter တစ်ယောက် အသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်း အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ရှေ့လျှောက်လည်း အောင်မြင်စေဖို့ ဆုတောင်း ပေးလိုက်ပါတယ်။”
Skiter အနေနဲ့လည်း CR4ZY Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပပြီ ဖြစ်ကြောင်းကို ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
I am out of team cr4zy. I learnt a lot and for the most part it was fun experience. I wish them nothing but success. Time to reset and search for new opportunities.
— skiter (@Skiter) June 15, 2020
“CR4ZY Dota2 အသင်းနဲ့ ကျွန်တော် လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ အသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်း ကျွန်တော့် အတွက် အတွေ့အကြုံပေါင်း များစွာကို ရရှိခဲ့သလို အခြားသော ကစားသမားတွေဆီကလည်း သင်ယူစရာ ရှိတာတွေကို သင်ယူနိုင်ခဲ့ပါတယ်။ CR4ZY Dota2 အဖွဲ့သားတွေ အောင်မြင်မှု ရရှိစေဖို့ အတွက်လည်း ဆုတောင်း ပေးလိုက်ပါတယ်။”

လက်ရှိအချိန်မှာ CR4ZY Dota2 အသင်း အနေနဲ့ Skiter နေရာမှာ VGJ.Storm, Digital Chaos, Pain X, Cloud9 စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတဲ့ Ritsu ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူပြီး BTS Pro Series: America Season 2 ပြိုင်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်လျက် ရှိပေမယ့် Ritsu ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူသွားခြင်း ရှိမရှိကိုတော့ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။
REF: VpEsports