သမီးရည်းစားတွေရန်ဖြစ်ရတဲ့ ကြောင်တောင်တောင် အကြောင်းအရင်းတွေ

သမီးရည်းစားတွေရန်ဖြစ်ရတဲ့ ကြောင်တောင်တောင် အကြောင်းအရင်းတွေ

သမီးရည်းစားတွေ ချစ်ကြိုက်တဲ့အခါမှာ ရံဖန်ရံခါ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာတွေရှိပါတယ်။ ရန်ဖြစ်တယ်ဆိုတာ သမီးရည်းစားတွေကြားမှာ ရှောင်လွဲလို့မရတဲ့အရာပါ။ ဒါပေမယ့်တချို့သူတွေများ ဘာမဟုတ်တဲ့အကြောင်းပြချက်လေးတွေကြောင့် ရန်ဖြစ်ကြရပါတယ်။ အဲဒီအကြောင်းပြချက်တွေက ဘာတွေလဲဆိုတော့

အိပ်မက်မက်တာကနေ ရန်ဖြစ်တာ
မယုံမရှိနဲ့။ အိပ်မက်တစ်ခုကနေ ရန်ပွဲအကြီးကြီးတွေဖြစ်ကြတဲ့ စုံတွဲတွေ လက်တွေ့မှာတကယ်ရှိပါတယ်နော်။ အထူးသဖြင့် ဒီရန်ပွဲက ကောင်မလေးတွေလက်ကစတာများတယ်။ ကိုယ့်ရည်းစားကကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်တယ်ဆိုတဲ့ အိပ်မက်မျိုးမက်ပြီဆိုရင် တမင်ရစ်ချင်တဲ့စိတ်ကြောင့် ကိုယ့်ရဲ့ရည်းစားကို တမင်တကာရန်သွားစတယ်။ စိတ်ကောက်တယ် ၊ သဝန်တိုမယ်ပေါ့။ အဲဒီမှာရည်းစားဖြစ်တဲ့သူကလည်း ချော့တဲ့အချိန်တော့ချော့တာပေါ့နော်။ ဒါပေမယ့်စိတ်မကြည်တဲ့အချိန် ၊ စိတ်ဖိစီးနေတဲ့အချိန်တွေနဲ့တိုးရင် သူလည်းအရစ်မခံနိုင်ဘဲ ဆက်ဆက်ထိမခံပြန်ပြောရင်းကနေ ရန်တွေဖြစ်ကြရတယ်။

Game တွေဆော့တာကနေ ရန်ဖြစ်တာ
ကစားနည်းတွေမျိုးစုံနဲ့ ပျော်ပျော်ပါးပါး ဆော့တာက ကောင်းပါတယ်။ ဒါပေမယ့်တစ်ချို့ကစားနည်းတွေက သမီးရည်းစားတွေအတွက် ဂြိုဟ်တစ်မျိုးပဲ။ ပြောရရင် Truth or Dare တို့ဘာတို့လိုဂိမ်းမျိုးပေါ့။ အတိတ်ကအရာတွေကို တမင်အစဖော်တဲ့ ဖောက်လွန်းတဲ့ပေါက်ဖော်တွေကြောင့် ရန်ဖြစ်ကြရတာတွေ ကြုံဖူးပါတယ်။ ပြီးတော့ Mobile Legends တို့ ၊ PUBG တို့ဆော့တာကနေ ရန်ဖြစ်တဲ့ စုံတွဲတွေလည်းရှိတယ်။ ချစ်သူရည်းစားတွေကြားမှာ ဒီလိုအသေးအဖွဲလေးတွေက အစရန်ဖြစ်နေရရင် တစ်ဘဝစာဘယ်လိုလက်တွဲကြမလဲ။ ဒါကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ဖြစ်စရာမလိုဘူးလို့လည်း ထင်ပါတယ်။

သေးသေးလေးတွေလိမ်မိတာကနေရန်ဖြစ်တာ
တစ်ခါတလေ ကိုယ့်ရည်းစားကို ဒီတိုင်းလေး အထင်ကြီးစေချင်တဲ့စိတ်တို့ ၊ အလကားနေအလကား စိတ်မပူစေချင်တဲ့စိတ်တွေကြောင့် ဘာမဟုတ်လောက်တဲ့ကိစ္စလေးတွေမှာ လိမ်လိုက်တာတွေရှိတယ်။ အဲဒီလိမ်လည်မှုသေးသေးလေးတွေက နောက်ပိုင်းပြန်ပေါ်သွားတဲ့အခါမှာ ရန်ပွဲအကြီးကြီးတွေ ဖြစ်လာနိုင်တယ်။ ကိုယ်လိမ်တာကို ကိုယ်မေ့လို့ စကားပြောရှေ့နောက်မညီတာတို့ ၊ လိမ်ရင်းလိမ်ရင်း ပိုပိုကြီးလာတာတို့ကြောင့်လေ။

တီဗီအစီအစဉ်လုတာ ၊ ရုပ်ရှင်ရွေးတာ
မိန်းကလေးနဲ့ယောကျ်ားလေးက တော်ရုံတန်ရုံအကြိုက်မတူပါဘူး။ ပုံမှန်ဆိုရင် ယောကျ်ားလေးတွေကြိုက်တဲ့ အက်ရှင်တို့ ၊ စစ်ကားတို့ဆိုတာ မိန်းကလေးတွေမကြိုက်ပါဘူး။ ဒါကြောင့် စုံတွဲတွေမှာ သူ့အကြိုက်ကိုယ့်အကြိုက်မတူတာကြောင့် ရုပ်ရှင်လုကြည့်ရင်းရန်ဖြစ်ကြတယ်လေ။ ကိုယ့်ဖုန်းနဲ့ကိုယ်ကြည့်လည်းဖြစ်တာပဲလို့ ပြောလို့ရပေမယ့် ကိုယ့်ရည်းစားနဲ့အတူတူရုပ်ရှင်ကြည့်ချင်တဲ့စိတ်ကို ရည်းစားရှိတဲ့သူတွေပဲ သိနိုင်မှာပါ။

စိတ်ရင်းအမှန်နဲ့မတောင်းပန်တဲ့အခါ
ကိုယ်နဲ့ကိုယ့်ရည်းစားကြားမှာ အခန့်မသင့်ရန်ဖြစ်သွားတယ်ပေါ့။ ဒီလိုရန်ဖြစ်တဲ့အချိန်မှာ ကိုယ့်ဖက်ကလည်း နည်းနည်းလွန်သွားတယ်။ ဒါပေမယ့်သူ့ကို တကယ်လိုလိုလားလား မတောင်းပန်ပဲ။ Sorry ဆိုပြီး လွယ်လွယ်လေးပြောလိုက်မိတယ်။ အဲဒီမှာ တကယ်စိတ်မပါဘဲပြော Sorry ဆိုပြီး လာပြောမနေနဲ့ဆိုပြီး ကွိုင်တွေပိုတက်ကုန်ရော။ ဒီလို စိတ်မပါဘဲပြောတဲ့ Sorry ကြောင့် သမီးရည်းစားတွေမှာပြဿနာတက်ကြပါတယ်။

Idol တွေကြောင့် ရန်ဖြစ်တာ
သာမန်သမီးရည်းစားတွေမှာ ဒီပြဿနာသိပ်မဖြစ်ပေမယ့် ကိုးရီးယား Boy Band တွေ ၊ Idol တွေကို အသေအလဲအားပေးတဲ့ ရည်းစားရှိနေတဲ့ စုံတွဲမှာတော့ Idol တွေကြောင့် ပြဿနာတက်ကို တက်ကြပါတယ်။ ပြောရရင် ကိုယ့်ထက် သူ့ရဲ့ Idol ကို ပိုပြီးကြိုက်ရလားဆိုပြီး သဝန်တိုတာ ၊ တစ်ခါတလေလည်း တစ်ဖက်ကလွန်လွန်းတာတွေရှိတတ်တယ်။ ပြောရရင် ကိုယ့်ရည်းစားရဲ့ အရေးပါတဲ့နိစ္စဓူဝကိစ္စတွေကိုတော့ သတိမရဘဲ Idol အကြောင်းဆို ချီးပါတာကအစ သေးပေါက်တာကအဆုံး သိနေတာတွေက သမီးရည်းစားတွေကြားက ဆက်ဆံရေးကို အင်မတန်ထိခိုက်ပါတယ်။ Idol တွေကြောင့်ရန်ဖြစ်တဲ့အတွက်တွေ အများကြီးရှိမှာ သေချာပါတယ်။

သမီးရည်းစားတွေရန်ဖြစ်ကြတဲ့ တခြားကြောင်တောင်တောင် အကြောင်းပြချက်တွေလည်း ရှိနေနိုင်ပါသေးတယ်။ ပရိသတ်ကြီးတို့ထဲမှာရော ကိုယ့်ရည်းစားနဲ့ရန်ဖြစ်ရတဲ့ ကြောင်တောင်တောင် အကြောင်းပြချက်တွေမရှိဘူးလား။ ရှိရင်ဘာတွေလည်းဆိုတာ ပြောခဲ့ပါဦး။

Photo Credit: www.sheknows.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle