အရောင်ဆန်းဆန်းနှုတ်ခမ်းနီတွေအထဲမှ ဘာအရောင်တွေမျိုးရွေးချယ်သင့်လဲ
မိန်းကလေးတိုင်းရဲ့လက်ကိုင်အိတ်တွေမှာတော့ နှုတ်ခမ်းနီတစ်ထောင့်ကတော့မပါမဖြစ်ဆိုလည်းမမှားပါဘူးနော်။Brand မျိုးစုံကလည်းအရောင်မျိုးစုံနဲ့ မိန်းကလေးတွေရဲ့အလှကြိုက်တဲ့ စိတ်ကိုဖမ်းစားနေတယ်လို့လည်းပြောလို့ရပါတယ်။သာမာန်ရိုးကျအရောင်တွေကနေခွဲထွက်ပြီးဆိုးဖို့ရော စဉ်းစားဖူးတယ်မလား၊ ပြီးတော့ အရောင်ဆန်းဆန်းလေးတွေထဲကမှ ဘာအရောင်တွေကိုဆိုးရင်ကိုယ်နဲ့လိုက်မလဲဆိုတာကိုခေါင်းစားနေရပြန်ပြီမလား။အရောင်ဆန်းဆန်းလေးတွေဆိုးချင်တဲ့သူတွေအတွက်ကိုယ့်ဆီမှာ ဘာအရောင်လေးတွေရှိထားသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။
Fuchsia
Fuchsia အရောင်တွေက အခုနောက်ပိုင်းမှာဆိုမိတ်ကပ်ကြည်ကြည်ပါးပါးလေးတွေနဲ့ Fuchsia အရောင်ကိုဦးစားပေးဆိုးလာကြပါတယ်။ အဲ့အရောင်ကပြောရရင်ကိုယ့်ရဲ့ပုံစံလေးက အမြဲတက်ကြွနေတဲ့သူမျိုးခံစားချက်ကိုပေးပါတယ်။
Photo Credit -Allure
Black
အမဲအရောင်ကတော့ အများအားဖြင့် ကိုယ့်ရဲ့ Mood က Drama တွေဆန်နေတဲ့အခြေအနေမျိုးတွေမှာ ၊ ပွဲတွေ Holloween အချိန်မျိုးတွေမှာ ဆိုးကြပါတယ်။ အမဲအရောင်နှုတ်ခမ်းနီတွေကိုမှ Shade နဲ့ Texture ပေါ်မှုတည်ပြီးကွဲပြားပါသေးတယ်နော်။
Photo Credit -The Fashion spot
Purple
ခရမ်းရောင်က နန်းဆန်တယ်၊ပြတ်သားတယ်၊ထက်မြက်တဲ့သဘောဆောင်တဲ့ ကာလာပေါ့နော်။ Purple ကိုမှအဖျော့တွေရော အရောင်ရင့်တွေရော က Creative ဖြစ်တဲ့ သူတွေအတွက်ဆိုရင်တော့ မရှိမဖြစ်အရောင်တစ်ခုလို့တောင်ပြောလို့ရပါသေးတယ်။
Photo Credit -Pinterest
Kelly -Akhayar Lifestyle