ပရိုဖက်ရှင်နယ် Counter Strike ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ SmithZz

ပရိုဖက်ရှင်နယ် Counter Strike ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ SmithZz

SmithZz ဆိုတာကတော့ Counter Strike လောကမှာ မသိသူ မရှိသလောက်ကို နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ SmithZz အနေနဲ့ Counter Strike လောကကို ၂၀၀၅ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး Counter Strike နယ်ပယ် အတွင်းမှာ ၁၅ နှစ်ခန့် ကျင်လည်ခဲ့ပြီးတဲ့ အချိန်မှာတော့ အနားယူတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။

SmithZz အနေနဲ့ Counter-Strike: Source ခေတ်ကတည်းက ပရိုဖက်ရှင်နယ် CS ကစားသမား ဘဝကို ခံယူခဲ့တာဖြစ်ပြီး ယခင် အချိန်တွေတုန်းက ကမ္ဘာ့အကောင်းဆုံး CS အသင်း အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ VeryGames Counter Strike အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Counter Strike: Global Offensive ပေါ်ထွက်လာခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတော့ ပရိုဖက်ရှင် CS:GO ကစားသမား ဘဝကို ပြောင်းလဲခံယူခဲ့ပြီး နာမည်ကျော် ပြင်သစ် အခြေစိုက် CSGO အသင်းတွေဖြစ်တဲ့ G2, Envy, LDLC, VeryGames စတဲ့ CSGO အသင်းတွေနဲ့ အတူ ချန်ပီယံ ဆုဖလားပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့သလို HLTV ရဲ့ အကောင်းဆုံး CSGO ကစားသမား အဖြစ် သတ်မှတ်ခြင်းကိုလည်း ခံယူနိုင်ခဲ့ပါတယ်။

SmithZz အနေနဲ့ ပရိုဖက်ရှင်နယ် CS:GO ကစားသမား ဘဝကနေ ၂၀၁၇ ခုနှစ်မှာ ခေတ္တ အနားယူခဲ့ပြီး G2 Esports CSGO အသင်းမှာ နည်းပြ အဖြစ် တာဝန်ယူခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ၆ လပိုင်းမှာ G2 CSGO အသင်းရဲ့ ကစားသမား ဘဝကို ပြန်လည် ခံယူခဲ့ပါတယ်။ ကစားသမား ဘဝကို ပြန်လည် ဝင်ရောက်လာတဲ့ အချိန်မှာ အဆင်မပြေမှု များစွာနဲ့ ရင်ဆိုင်ခဲ့ရသလို ၂၀၁၈ ခုနှစ် ၁၁ လပိုင်း G2 CSGO အသင်းရဲ့ အရံကစားသမား ဘဝကို ပြန်လည် ရောက်ရှိလို့ သွားခဲ့ပါတယ်။

G2 CSGO အသင်းရဲ့ အရံကစားသမား ဘဝကို ရောက်ရှိခဲ့စဥ် အချိန်က စတင်ကာ SmithZz ကို ပရိုဖက်ရှင်နယ် CSGO စင်မြင့်ထက်မှာ မြင်တွေ့ရခြင်း မရှိတော့ဘဲ ကိုယ်ပိုင် Twitch Channel ကနေ တစ်ဆင့် Streaming ပြုလုပ်နေတာကိုသာ မြင်တွေ့ခဲ့ရပါတယ်။ Streamer အဖြစ် ၂ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး‌ နောက်မှာ‌တော့ SmithZz တစ်ယောက် ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကနေ အနားယူပြီး Streamer အဖြစ်သာ ဆက်လက် ရပ်တည်သွားတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပရိုဖက်ရှင်နယ် CSGO ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ Shroud, PashaBiceps တို့ အနေနဲ့လည်း အောင်မြင်တဲ့ Streamer တွေ အဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်တာကြောင့် SmithZz အနေနဲ့ အခုလို Streamer ဘဝကို ခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် SmithZz တစ်ယောက် သူနှစ်သက်တဲ့ CS:GO ကို ကစားရင်း Ninja, Shroud တို့လို အောင်မြင်တဲ့ Streamer တစ်ဦး အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle