ဆိုရှယ်မီဒီယာပေါ်ကနေ ကွယ်ပျောက်သွားခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း North

ဆိုရှယ်မီဒီယာပေါ်ကနေ ကွယ်ပျောက်သွားခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း North

ဒိန်းမတ်နိုင်ငံ အခြေစိုက် CSGO အသင်းတွေ အထဲမှာ ဒုတိယမြောက် လူကြိုက်အများဆုံး CSGO အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ North CSGO အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့သမျှ ပို့စ်တွေ၊ ဓာတ်ပုံတွေ အားလုံးကို ပြန်လည် ဖျက်ချလိုက်ပြီ ဖြစ်ပါတယ်။

CSGO ချစ်မြတ်နိုးသူတွေရဲ့ လေ့လာတွေ့ရှိချက်များအရ North CSGO အသင်း အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာမှ Profile Picture, Cover Photo (Banner) တို့ အပါအဝင် Tweets တွေ အားလုံးကို ဖျက်ချပစ်ခဲ့သလို ကိုယ်ပိုင် Facebook Page နဲ့ YouTube Channel တို့မှာ တင်ခဲ့သမျှ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ပို့စ်တွေ အားလုံးကိုလည်း ပြန်လည် ဖျက်ချပစ်ခဲ့တယ်လို့ သိရပါတယ်။ North Esports အဖွဲ့အစည်း အနေနဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ ကွယ်ပျောက်သွားခဲ့တဲ့ အပြင် North Esports အဖွဲ့အစည်းရဲ့ ကိုယ်ပိုင် Website ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

North Esports Website

North CSGO အသင်း အနေနဲ့ CSGO လောကမှာ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း ကမ္ဘာ့အဆင့် ၂၀ နေရာမှာ ရပ်တည်နေနိုင်တာကြောင့် အခုလို ဆိုရှယ်မီဒီယာပေါ်ကနေ ကွယ်ပျောက်သွားခဲ့ပြီး သတင်း အမှောင်ချထားရခြင်းရဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး ပရိသတ် အများစုကတော့ ဝေခွဲမရ ဖြစ်နေခဲ့ကြပါတယ်။

Kjaerbye

ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နာမည်ကျော် ဂိမ်းမင်းမီဒီယာ တစ်ခုဖြစ်တဲ့ Dot Esports အနေနဲ့ North Esports အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းခဲ့ပေမယ့်လည်း ယခုအချိန်ထိ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိသေးပါဘူး။

Aizy

North CSGO အသင်း အနေနဲ့ မကြာသေးခင် အချိန်က ကျင်းပပြီးစီးသွားခဲ့တဲ့ A-Tier အဆင့် DreamHack Open Sevilla 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို North CSGO အသင်းကို CSGO လောကရဲ့ နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ Kjaerbye, Cajunb, Aizy, JUGI စတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် အခုလို သတင်း အမှောင်ချပြီး ဆိုရှယ်မီဒီယာနဲ့ ကွယ်ပျောက်နေရခြင်းက အသင်းကို Rebrand ပြန်လည် ပြုလုပ်သွားရန် အတွက်ပဲလား ဒါမှမဟုတ် CSGO အသင်းကို ဖျက်သိမ်းသွားရန် အတွက်ပဲလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle