လက်စွမ်း ကျဆင်းမှုများနဲ့ ပတ်သတ်ပြီး ဖွင့်ဟသွားခဲ့တဲ့ CSGO ပရို Karrigan

လက်စွမ်း ကျဆင်းမှုများနဲ့ ပတ်သတ်ပြီး ဖွင့်ဟသွားခဲ့တဲ့ CSGO ပရို Karrigan

Mousesports CSGO အသင်းရဲ့ In-Game Leader ဖြစ်သူ Finn “Karrigan” Andersen အပါအဝင် အသင်းသား အားလုံး အနေနဲ့ ESL One Road to Rio, DreamHack Masters Spring စတဲ့ ပြိုင်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

အခုလို ဝေဖန်ခံနေရတာကြောင့် Karrigan ကတော့ သူရင်ဆိုင်နေရတဲ့ အခက်အခဲများကို ခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် COVID-19 စတင်စဉ် အချိန်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို လက်ရှိအချိန်အထိ ပုံမှန်အတိုင်း ပြန်လည် ရပ်တည်နိုင်ဖို့ ကြိုးစားနေရစဲပဲ ဖြစ်ပါတယ်။ ESL One Katowice ပြိုင်ပွဲ စတင်ကတည်းက ကျွန်တော် တစ်ပတ်ကို ၇၅ နာရီလောက် လေ့ကျင့်ဖို့၊ တစ်ဖက် အသင်းတွေကို လေ့လာဖို့၊ ကစားဟန်တွေကို ပြောင်းလဲဖို့ အတွက် အချိန်ပေးခဲ့ရပါတယ်။

ဒါပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ကျွန်တော် အမှားအယွင်းတွေ ပြုလုပ်မိလာတယ်၊ အရင်လောက် အာရုံစူးစိုက်နိုင်ခြင်း မရှိတော့ဘူး။ ဒါကြောင့် DreamHack ပြိုင်ပွဲ ပြီးဆုံးချိန်မှာ အသင်းကနေ ခေတ္တအနားယူပြီး အပန်းဖြေခရီး ထွက်ဖို့အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

အပန်းဖြေ ခရီးကနေ အိမ်ပြန်ရောက်လာတဲ့ အခါမှာလည်း အလုပ်နဲ့ အားလပ်ချိန် ညီမျှစွာ နေထိုင်နေဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး လက်စွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ Mousesports ကို အားပေးနေတဲ့ ပရိသတ် အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ရက်သတ္တပတ် အနည်းငယ် အတွင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ကျွန်တော် အပါအဝင် Mousesports အဖွဲ့သားတွေ အားလုံး ပြန်လည် ပြသသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

လက်ရှိအချိန်မှာ Mousesports အနေနဲ့ HLTV ကမ္ဘာ့အဆင့် သတ်မှတ်ချက် ရပ်တည်မှု ဇယားမှာ အဆင့်လေး နေရာအထိ သက်ဆင်းခဲ့ရပြီ ဖြစ်တာကြောင့် မကြာမီ အချိန်အတွင်း ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲတွေမှာ လက်စွမ်းကောင်းတွေ ပြသပြီး‌ အောင်မြင်မှုတွေ ပြန်လည် စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက်‌ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle