Cuphead ကို PS4 မှာပါ မြင်တွေ့လာရဖွယ်ရှိ

Cuphead ကို PS4 မှာပါ မြင်တွေ့လာရဖွယ်ရှိ

နာမည်ကြီး ကာတွန်း Graphics နဲ့ Platforming စတိုင်၊ Run and gun ပုံစံ Video ဂိမ်းကို PS4 မှာပါ မြင်တွေ့လာရဖွယ်ရှိနေပါတယ်။ Cuphead ကို PlayStation Store ရဲ့ Listing မှာ စတင်မြင်တွေ့ခဲ့ရတာကြောင့် သိပ်မကြာခင်မှာ PS4 သမားတွေလည်း ဒီဂိမ်းကို စ တင်ဆော့ကစားနိုင်တော့မယ်လို့ ယူဆရပါတယ်။

ဒီသတင်းကိုတော့ Wario64 ရဲ့ Tweet ကနေ တစ်ဆင့်သိရှိခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ PlayStation Store မှာ Cuphead ရဲ့ Listing ကိုဖျက်သွားခဲ့ပြီး၊ ကျန်ခဲ့တဲ့ကွက်လပ်နေရာကိုတော့ ဒီတိုင်းထားထားတယ်လို့ သိရှိထားရပါတယ်။

Cuphead ဂိမ်းကို Microsoft Windows, Xbox One, macOS, Nintendo Switch တို့အပြင် Tesla ကားတွေပေါ်မှာပါ ဆော့ကစားနိုင်ပြီးတော့ PlayStation အတွက်ကိုတော့ ယခုမှ စတင်ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

Game Awards Host တစ်ယောက်ဖြစ်တဲ့ Geoff Keighley ဟာလည်း “ကျွန်တော်တို့နှစ်သက်တဲ့ Indie Studio ထဲကတစ်ခုဟာ Special Update ကိုထုတ်ပြတော့မယ်” ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် Wario64 ရဲ့ Cuphead Tweet မှာ Reply ခဲ့ပြီး၊ ပြန်ဖျက်သွားတာက ဒီသတင်းကိုသေချာစေခဲ့ပါတယ်။

ပေါက်ကြားမှုအရတော့ ယခုရက်သတ္တပတ်အတွင်း PS4 မှာ Cuphead ဟာ ထွက်ရှိလာတော့မှာဖြစ်ပြီး၊ အရမ်းအကြာကြီးစောင့်စရာလည်း မလိုလောက်တော့ဘူးလို့ သိရှိထားရပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle