Na’Vi Dota2 အသင်းရဲ့ ကစားသမားဟောင်း သုံးဦးဖြင့် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Cyber Legacy Dota2 အသင်း

OMEGA League: Europe Closed Qualifier ပြိုင်ပွဲတွေ စတင် ကျင်းပနေပြီ ဖြစ်တာနဲ့ အညီ ကျွန်တော်တို့ ရင်းနှီးပြီးသား ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ အသင်းသစ် များစွာကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အဆိုပါ အသင်းတွေ အထဲက CIS အခြေစိုက် Cyber Legacy Dota2 အသင်းမှာ Natus Vincere Dota2 အသင်းရဲ့ ကစားသမားဟောင်း သုံးဦး ပါဝင်လို့ လာခဲ့ပါတယ်။

Cyber Legacy Dota2 အသင်းမှာ Natus Vincere Dota2 အသင်းရဲ့ Mid Lane ကစားသမားဟောင်း Magical, Offlane ကစားသမားဟောင်း Blizzy, Support ကစားသမားဟောင်း CemaTheSlayeR တို့ ပါဝင်ခဲ့သလို Virtus Pro Dota2 အသင်းမှာ အစားထိုး ကစားသမား ဘဝဖြင့် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ Carry ကစားသမား Cooman လည်း ပါဝင်လို့ လာခဲ့ပါတယ်။
Официально: @jenyaree стал основным игроком состава @cyblegacy
— Dota2RuHub (@dota2ruhub) August 1, 2020
Текущий состав Cyber Legacy:
— Cooman
— MagicaL
— Blizzy
— Bignum
— CeMaTheSlayer
— ArsZeeqq (тренер)#Team #dota2 #ruhub pic.twitter.com/rKShNMxnmE
ဒါ့အပြင် Cyber Legacy Dota2 အသင်းရဲ့ Pos4 နေရာနဲ့ ကပ္ပတိန် နေရာမှာ ယူကရိန်းနိုင်ငံသား ဝါရင့် ကစားသမားဖြစ်သူ Bignum မှ တာဝန်ယူ ကစားသွားမှာဖြစ်ပြီး နည်းပြအဖြစ် VP Dota2 အသင်းရဲ့ နည်းပြဟောင်း ArsZeeqq ကို ခန့်အပ်ထားတာကြောင့် စာရွက်ပေါ်က လူစာရင်းအရတော့ အတော်လေးကို တောင့်တင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

Cyber Legacy Dota2 အသင်း အနေနဲ့ OMEGA League EU Closed Qualifier ပြိုင်ပွဲရဲ့ အုပ်စုအေမှာ Team Empire, Khan, 5Comrades စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရလျက်ရှိပြီး အဆိုပါ အသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် CL Dota2 အသင်းရဲ့ လူစာရင်းက ပိုမို တောင့်တင်းတာကြောင့် အုပ်စုအဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
Cyber Legacy Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Zaur “Cooman” Shakhmurzayev – Pos 1
- Idan “MagicaL” Vardanian – Pos 2
- Evgeniy “Blizzy” Ree – Pos 3
- Danil “Bignum” Shehovtsov – Pos 4/ Captain
- Semion “CemaTheSlayer” Krivulya – Pos 5
- Arseniy “ArsZeeqq” Usov – Coach
REF: VpEsports