ကစားသမား အသစ်အများစုနဲ့ အသင်းကို ပြန်လည်ဖွဲ့စည်းသွားမယ့် Cyber Legacy Dota2

ကစားသမား အသစ်အများစုနဲ့ အသင်းကို ပြန်လည်ဖွဲ့စည်းသွားမယ့် Cyber Legacy Dota2

ရုရှားအခြေစိုက် Dota2 အသင်း Cyber Legacy အနေနဲ့  ထင်မှတ်မထားလောက်အောင် ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ရလျက် ရှိတာကြောင့် အသင်းရှိ ကစားသမား လေးဦးကို ထုတ်ပယ်ပြီး ကစားသမား အသစ်တွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

Magical

Cyber Legacy Dota2 အသင်းကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ၇ လပိုင်းမှာ Cooman, Magical, Blizzy, Bignum, CemaTheSlayer စတဲ့ CIS အခြေစိုက် နာမည်ရှိ ကစားသမားများနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ရလဒ်တွေဟာ လက်ရှိအချိန်ထိ တိုးတက်လာခဲ့ခြင်း မရှိတာကြောင့် Magical, Blizzyy, Bignum, CemaTheSlayer စတဲ့ ကစားသမား လေးဦးအပြင် နည်းပြဖြစ်သူ ArsZeeqq ကိုပါ အသင်းကနေ ပြန်လည် ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“ESL One Germany မှာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းအတွင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းမှာ လာရောက် ကစားပေးခဲ့တဲ့ ကစားသမား အားလုံးကို ကျေးဇူးတင်ရှိသလို ရှေ့ဆက်ပြီး အောင်မြင်စေဖို့လည်း ဆုတောင်ပေးလိုက်ပါတယ်။

Cooman

ကျွန်တော်တို့ CL Dota2 အသင်းမှာ Position 1 ကစားသမားဖြစ်သူ Cooman တစ်ဦးသာ ကျန်ရှိတော့မှာဖြစ်ပြီး ကျန်ရှိနေတဲ့ ကစားသမား လေးနေရာစာ အတွက်ကိုတော့ ပြန်လည် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။” လို့ Cyber Legacy Dota2 အသင်းဘက်ကတော့ ကြေညာသွားခဲ့ပါတယ်။

CemaTheSlayer

Cyber Legacy Dota2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ ကျင်းပလျက် ရှိနေပြီဖြစ်တဲ့ EPIC League Closed Qualifier ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ဖိတ်ခေါ်ခြင်း ခံခဲ့ရပေမယ့် နှုတ်ထွက်သွားခဲ့တာကြောင့် ကစားသမား အသစ်တွေနဲ့ အတူ နောက်လအတွင်းမှာ ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှသာ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle