CYPERPUNK 2077 ဖြန့်ချီမယ့် နေ့ရက်ကို နောက်တစ်ကြိမ် ထပ်မံ ရွေ့ဆိုင်းလိုက်ပြန်ပြီ

CYPERPUNK 2077 ဖြန့်ချီမယ့် နေ့ရက်ကို နောက်တစ်ကြိမ် ထပ်မံ ရွေ့ဆိုင်းလိုက်ပြန်ပြီ

နာမည်ကျော် Open-World FPS ဂိမ်း ဖြစ်လာမယ့် Cyperpunk 2077 ဖြန့်ချီသွားမယ့် နေ့ရက်ကတော့ နောက်တစ်ကြိမ် ထပ်မံ ရွေ့ဆိုင်းခံလိုက်ရပြန်ပြီ ဖြစ်ပါတယ်။ ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ CD Projekt Red အနေနဲ့ Cpyerpunk 2077 ကို မူလ ပထမက ဧပြီလ ၁၆ ရက်နေ့မှာ ဖြန့်ချီသွားဖို့ စီစဉ်ထားပေမယ့် အချောသတ်ဖို့ ကျန်ရှိနေသေးတာကြောင့် စက်တင်ဘာလ ၁၇ ရက်ကို ရွေ့ဆိုင်းသွားခဲ့ပါတယ်။

ယခုအခါမှာတော့ မူလပထမက စီစဉ်ထားတဲ့ အတိုင်း စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ချီသွားနိုင်တော့မှာ မဟုတ်ဘဲ နိုဝင်ဘာလ ၁၉ ရက်မှသာ ဖြန့်ချီသွားနိုင်တော့မှာ ဖြစ်ကြောင်းကို CD Projekt Red ဘက်က ကိုယ်ပိုင် တွစ်တာကနေ တစ်ဆင့် ထပ်မံ ကြေညာသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

CD Projekt Red အနေနဲ့ Cyberpunk 2077 ထွက်ရှိလာတဲ့ အခါမှာ ပြီးပြည့်စုံတဲ့ ဂိမ်းတစ်ခု အဖြစ် ထွက်ရှိလာဖို့ မျှော်လင့်ထားကြောင်း၊ အနည်းငယ် ချို့ယွင်းချက်လေးတောင် တည်ရှိနေခြင်း မရှိစေဖို့ အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ လက်ရှိအချိန်မှာ Developer တွေဘက်မှ ဂိမ်းနဲ့ပတ်သတ်တဲ့ ချို့ယွင်းချက်တွေကို ပြင်ဆက်လျက် ရှိကြောင်းကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ အနေနဲ့ Cyberpunk 2077 ကို ကာလရှည် ရှင်သန်နိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်လာစေဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိပါတယ်။ ဒါကြောင့်လည်း အခုလို ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကိုလည်း ကျွန်တော်တို့ Cyberpunk 2077 အဖွဲ့သားတွေရဲ့ အကောင်းဆုံးတွေသာ ပေးစွမ်းလိုစိတ်ကို နားလည်ပေးဖို့ အနူးအညွတ် တောင်းဆိုချင်ပါတယ်။”

အကြောင်းအမျိုးမျိုးကြောင့် Cyberpunk 2077 ထွက်ရှိမယ့် နေ့ရက်ကို ထပ်မံ ရွေ့ဆိုင်းလိုက်ပြီ ဖြစ်ပေမယ့်လည်း ဗွီဒီယိုဂိမ်း ဂျာနယ်လစ်တွေကို စမ်းသပ် ကစားခိုင်းရာကနေ ထွက်ရှိလာတဲ့ ပုံရိပ်တွေအရ Cyberpunk 2077 ဟာ အဆင်ပြေပြေ ကစားလို့ ရနိုင်တဲ့ အဆင့်ကို ရောက်ရှိလျက် ရှိနေပြီ ဖြစ်ကြောင်းကို သိရှိခွင့် ရရှိခဲ့တာကြောင့် နိုဝင်ဘာလ ၁၉ ရက်မှာတော့ Cyberpunk 2077 ကို အမှန်တကယ် မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: TheVerge

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle