Cyberpunk 2077 ကို စက်တင်ဘာလမှသာ ထုတ်လွှတ်ပေးတော့မည်

Cyberpunk 2077 ကို စက်တင်ဘာလမှသာ ထုတ်လွှတ်ပေးတော့မည်

မကြာသေးခင် အချိန်က ပရိသတ်တွေ မျှော်လင့်စောင့်ဆိုင်းလျက်ရှိတဲ့ ဗွီဒီယိုဂိမ်း တစ်ခုဖြစ်တဲ့ Final Fantasy VII Remake ကို မတ်လ ၃ ရက်နေ့ အစား ဧပြီလ ၁၀ ရက်နေ့မှသာ ထုတ်လွှတ်ပေးသွားမှာ ဖြစ်ကြောင်း ကြေငြာပေးခဲ့သလို ယခုအခါမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံယူထားနိုင်ခဲ့တဲ့ Cyberpunk 2077 ကို ဧပြီလမှာ ထုတ်လွှတ်ပေးရမယ့်အစား စက်တင်ဘာလ ၁၇ ရက်နေ့မှသာ ထုတ်လွှတ်ပေးသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

Final Fantasy VII Remake

Cyberpunk 2077 ဆိုတာကတော့ Witcher Franchise ဗွီဒီယိုဂိမ်းတွေကို ထုတ်လွှတ်ပေးခဲ့တဲ့ ဂိမ်းကုမ္ပဏီကြီး CD Projekt Red ရဲ့ အသစ်ထွက်ရှိလာမယ့် ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Cyberpunk 2077 ကို စတင် ဖန်တီးနေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကြေငြာပေးခဲ့တာဖြစ်ပြီး အချိန်ကာလ (၈) နှစ်တိုင်တိုင် ဖန်တီးခဲ့ပေမယ့် ယခုအချိန်ထိ ထွက်ရှိနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

Cyberpunk 2077

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လမှာ ထုတ်လွှတ်ပေးခဲ့တဲ့ Cyberpunk 2077 Official Trailer ထွက်ရှိပြီး နောက်ပိုင်းမှာ ဗွီဒီယိုဂိမ်း ချစ်ပရိသတ် အများစုရဲ့ စိတ်ဝင်စားမှုကို ခံယူနိုင်ခဲ့သလို ၂၀၂၀ ခုနှစ် ဧပြီလအတွင်းမှာ ထုတ်လွှတ်ပေးသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ Cyberpunk 2077 ကို ထုတ်လွှတ်ပေးသွားမယ့် နေ့ရက်ကို ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

“Cyberpunk 2077 ကို ထုတ်လွှတ်သွားမယ့် နေ့ရက်နဲ့ ပတ်သတ်ပြီး အရေးကြီးသတင်း တစ်ပုဒ် ကြေငြစရာ ရှိပါတယ်။ Cyberpunk 2077 ကို ဧပြီလမှာ ထုတ်လွှတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အချို့သော အကြောင်းအရင်းများကြောင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှသာ ထုတ်လွှတ်နိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Cyberpunk 2077 ကို ဖန်တီးလို့ ပြီးဆုံးသွားပြီ ဖြစ်သလို အဆင်ပြေပြေ ကစားနိုင်နေပြီ ဖြစ်ပေမယ့်လည်း အချို့သော နေရာလေးတွေမှာ ချို့ယွင်းချက်လေးတွေ ရှိနေသေးတာကြောင့် တရားဝင် မထုတ်လွှတ်ခင် အချိန်မှာ ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ပြီး လုံးဝ အချောသတ် ပြီးစီးမှသာ ထုတ်လွှတ်ပေးဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ရတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ Cyberpunk 2077 ကို အောင်မြင်တဲ့ ဂိမ်းတစ်ခုအဖြစ် ဗွီဒီယိုဂိမ်းလောကမှာ အချိန်ကာလ ကြာမြင့်စွာ ရပ်တည်နိုင်စေဖို့ မျှော်မှန်းထားတာကြောင့် အခုလို အချိန်ယူပြီး ပြင်ဆင်နေရတာ ဖြစ်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ ပရိသတ်တွေ လက်ထဲကို ချပြနိုင်တော့မှာ ဖြစ်တာကြောင့် အခုလို သည်းခံပြီး စောင့်ဆိုင်းပေးတဲ့ အတွက်လည်း ပရိသတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်။”

Cyberpunk 2077

Cyberpunk 2077 Official Trailer ကို GameJoe ပရိသတ်ကြီး အနေနဲ့ ကြည့်ရှုချင်တယ် ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle