Cyberpunk 2077 Anime Series ကို Netflix ကနေ တစ်ဆင့် ပြသသွားမည်

Cyberpunk 2077 Anime Series ကို Netflix ကနေ တစ်ဆင့် ပြသသွားမည်

Open-World RPG ဂိမ်း အဖြစ် မကြာခင် အချိန်အတွင်း မိတ်ဆက်သွားမယ့် Cyberpunk 2077 ကို ဖန်တီး ရေးဆွဲခဲ့တဲ့ CD Projekt Red အနေနဲ့ ဂျပန်နိုင်ငံ အခြေစိုက် အန်နီမေးရှင်း စတူဒီယို Trigger နဲ့ ပူးပေါင်းကာ Cyberpunk: Edgerunners အမည်ရ Anime စီးရီးကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပြီ ဖြစ်ပါတယ်။

Cyberpunk: Edgerunners Anime စီးရီးကို သာမန် ချာတိတ်လေး ဘဝကနေ Cyberpunk အဖြစ် ပြောင်းလဲ သွားခဲ့တဲ့ လူငယ်လေး တစ်ယောက်ရဲ့ အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Cyberpunk: Edgerunners Anime စီးရီးကို Cyberpunk 2077 ဗွီဒီယိုဂိမ်း အပေါ် အခြေခံ ဖန်တီးသွားမှာ ဖြစ်ပေမယ့်လည်း ဗွီဒီယိုဂိမ်း အတွင်းမှာ ပါဝင်ခြင်း မရှိတဲ့ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းသွား အသစ်တွေ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Cyberpunk: Edgerunners စီးရီးကို Kill la Kill, Neon Genesis Evangelion စတဲ့ Anime စီးရီးတွေကို တာဝန်ယူ ဖန်တီးခဲ့တဲ့ Hiroyuki Imaishi နဲ့ Gurren Lagann စီးရီးကို ဖန်တီးခဲ့တဲ့ Masahiko Otsuka တို့ နှစ်ဦးမှ ပူးပေါင်း ဖန်တီးသွားမှာဖြစ်တဲ့ အပြင် Little Witch Academia စီးရီးရဲ့ ဇာတ်ကောင် ဒီဇိုင်နာဖြစ်သူ Yoh Yoshinari အနေနဲ့လည်း Cyberpunk စီးရီးမှာ ဇာတ်ကောင် ဒီဇိုင်နာ အဖြစ် ပါဝင် အားဖြည့်သွားမှာ ဖြစ်တာကြောင့် Anime ချစ်သူတွေ အတွက်ကတော့ တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

Cyberpunk: Edgerunners စီးရီးကို Netflilx ကနေ တစ်ဆင့် ၂၀၂၂ ခုနှစ် အတွင်း ပြသနိုင်ဖို့ မျှော်လင့်ထားပြီး စုစုပေါင်း အပိုင်း (၁၀) ပိုင်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Cnet

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle