အချိန်တိုင်း၊ နေရာတိုင်းအတွက် ဖက်ရှင်ကျအောင် ဘာတွေဝတ်မလဲ

အချိန်တိုင်း၊ နေရာတိုင်းအတွက် ဖက်ရှင်ကျအောင် ဘာတွေဝတ်မလဲ

တချို့အရမ်းအေးတဲ့နိုင်ငံတွေမှာ ဆောင်းတွင်းအဝတ်အစားက သပ်သပ်ရှိကြပါတယ်။ ဆောင်းတွင်းအတွက် တခြားရာသီတွေနဲ့ မတူဘဲ အအေးဓာဏ်ကို တွန်းလှန်နိုင်ဖို့အတွက် ခွဲခြားထားကြတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ရာသီဥတုအပြောင်းအလဲကြီးကြီးမားမားမရှိဘဲ ပူအိုက်စွတ်စိုတာက များတာကြောင့် အဝတ်အစားတွေကို တကူးတကကြီး ခွဲခြားထားလေ့တော့မရှိပါဘူး။ ဒါပေမယ့် အဝတ်အစားတွေ ဝယ်တဲ့အခါ သုံးရာသီလုံးနဲ့ လိုက်ဖက်ပြီး အချိန်တိုင်းဖက်ရှင်ကြနေဖို့အပြင် နေရာဒေသပေါင်းစုံနဲ့ လိုက်ဖက်တင့်တယ်ဖို့ စဉ်းစားဝယ်ယူဖူးပါလား။ သေချာတယ်။ သိပ်စဉ်းစားဖြစ်ကြမယ် မထင်ပါဘူး။ ဒါကြောင့်လည်း ဒီနေ့မှာတော့ အခရာကနေ သုံးရာသီလုံးလိုက်ဖက်ပြီး အချိန်တိုင်း၊ နေရာတိုင်း ဖက်ရှင်ကြနေဖို့ ဘယ်လိုအဝတ်အစားတွေ ရွေးချယ်ဝယ်ယူသင့်လဲ ပြောပြပေးမယ်နော်။

Wide Pant


စတိုင်ဘောင်းဘီကျယ်ကျယ်လေးတွေဟာ ဂျင်းဘောင်းဘီတွေထက်တော့ နေရာပေါင်းစုံနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။ အနည်းငယ်ပွတာကြောင့်လည်း ပူပြင်းတဲ့အချိန်အတွက် တော်င့ခံနိုင်သလို အကယ်လို့ ရုံးဆင်းလို့ ဘုရားတက်ရင်တောင်မှ စတိုင်ဘောင်းဘီလေးနဲ့က တက်ခွင့်ရပါတယ်။ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ် စမတ်ကျပြီး ခေတ်နောက်ကျကျန်ခဲ့တယ်လို့ ခံစားရမှာ မဟုတ်ပါဘူးနော်။

Shirt


စတိုင်ဘောင်းဘီလို ရာသီမရွေး၊ နေရာမရွေးအဆင်ပြေစေတဲ့ အပေါ်ပိုင်းအင်္ကျီကို ပြပါဆိုရင် ရှပ်အင်္ကျီကို ပြရပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ တွေ့တာပဲဖြစ်ဖြစ် နည်းနည်းလောက် Sexy ကျချင်ရင် ကြယ်သီးလေးတွေ ပိုဖြုတ်လိုက်လို့ရသလို၊ လုံခြုံပြီး စမတ်ကျရမယ့်နေရာဆိုလည်း စမတ်ကျလို့ရပါတယ်။

Midi Dress


အလုပ်ရှုပ်တဲ့နေ့တွေ အပေါ်နဲ့ အောက် အတွဲအစပ်မလုပ်ချင်လို့ တစ်ခါတည်း စွတ်ချသွားဖို့ စဉ်းစားရင်တော့ ဒူးအောက် Midi Dress လေးတွေကို Recommend ပေးချင်ပါတယ်။ ဘယ်နေရာသွားသွားတင့်တယ်သလို ကိုယ်နဲ့ လိုက်ဖက်တဲ့ပုံစံမျိုးစုံနဲ့ ပိတ်သားမျိုးစုံကိုလည်း ရွေးချယ်လို့ရတာကြောင့် Midi Dress တွေဟာ မြန်မာနိုင်ငံနဲ့ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။

Traditional Dress


တချို့ကတော့ Traditional Dress ဖြစ်တဲ့ မြန်မာလုံချည်နဲ့ ရင်ဖုံးအင်္ကျီကို နေ့စဉ်ဝတ်ဖို့ ဝန်လေးကြပါတယ်။ ဒါပေမယ့်လည်း သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် မြန်မာဝတ်စုံဝတ်ထားတာက Night Out တော့ သွားဖို့ အဆင်မပြေပေမယ့် ပုံမှန် Daily Wear အနေနဲ့တော့ လှပပြီး အဆင်ပြေပါတယ်။ ပူတဲ့ရာသီရောက်ရင် ရင်ဖုံးလေးတွေအစား အပေါ်အင်္ကျီတိုပွပွလေးတွေနဲ့ ထဘီနဲ့ တွဲဖက်ဝတ်ဆင်ရင် သက်သောင့်သက်သာဖြစ်စေမှာပါ။ မြန်မာထဘီလို့ ဆိုလိုက်လို့လည်း ထဘီချည်းမဟုတ်ဘဲ ပတ်ထဘီနဲ့ စကပ်ထဘီလေးတွေက သက်သောင့်သက်သာရှိစေပါတယ်။

T-Shirt


နောက်တစ်ခု တီရှပ်တွေပါပဲ။ တချို့ကတော့ တီရှပ်တွေဟာ ပွဲမဝင်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ တီရှပ်တွေကို ဖက်ရှင်ကျကျ ခပ်မိုက်မိုက်လေးဖြစ်နေအောင် ဂျင်းဘောင်းဘီလေးတွေ၊ စကပ်လေးတွေနဲ့ တွဲဝတ်ရင် ဝတ်ရင် ဝတ်တတ်သလောက် Meeting တွေနဲ့ ပွဲတွေတောင် တက်လို့ရပါတယ်နော်။

ဒီတော့ နေရာမရွေး၊ အချိန်မရွေး ပြီးတော့ မြန်မာနိုင်ငံ ရာသီဥတုနဲ့လည်း လိုက်ဖက်ညီအောင် ဘယ်လိုဝတ်လို့ရလဲဆိုတာ သိသွားကြပြီဟုတ်။ အခုပြောပြတဲ့အတိုင်းလေးသာ ဂရုစိုက်ဝယ်ဝတ်ကြမယ်ဆိုရင် ကောင်မလေးတွေလည်း အချိန်တိုင်း၊ နေရာတိုင်း လှနေနိုင်ပြီပေါ့။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle