ဆံသားနှစ်ခွဖြစ်ခြင်းကို ဘယ်အရာတွေကပြန်ကုစားပေးနိုင်လဲ

ဆံသားနှစ်ခွဖြစ်ခြင်းကို ဘယ်အရာတွေကပြန်ကုစားပေးနိုင်လဲ

မိန်းကလေးတွေက ကိုယ့်ရဲ့ဆံပင်ကို စတိုင်မျိုးစုံပြောင်းရတာနှစ်သက်ကြပါတယ်အများစုက၊ ဒီလိုဆံပင်စတိုင်တွေအမျိုးမျိုးပြောင်းတော့ကိုယ်ရဲ့ဆံသားတွေ့ပျက်စီးပြီးဆံသနှစ်ခွလည်းဖြစ်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်လာပြီဆိုရင် မိန်းကလေးတွေအနေနဲ့အရမ်းစိတ်ရှုပ်ရပါတယ်။ကိုယ့်ရဲ့ဆံပင်ကိုဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာမျိုးလည်းဖြစ်တတ်ပါတယ်။အဲ့ဒီအခြေအနေမျိုးဆိုရင် နည်းလမ်းတွေအမျိုးမျိုးနဲ့ဆံပင်နှစ်ခွဖြစ်တဲ့ပြဿနာကိုဖြေရှင်းတတ်ကြပါတယ်။နည်းလမ်းတွေအားလုံးထဲကမှတကယ်လည်းအသုံးဝင်ပြီး အိမ်မှာလည်းအလွယ်တကူရှိတဲ့ပစ္စည်းလေးတွေနဲ့ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးသုံးခုပြောပြပေးချင်ပါတယ်နော်။

Photo Credit-Bebeautiful


၁။သံလွင်ဆီ
သံလွင်ဆီကဆံပင်နှစ်ခွဖြစ်တာတို့၊ပျက်စီးမှုတွေဖြစ်လာမှသုံးတာထက်ခေါင်းမလျှော်ခင်တစ်နာရီလောက်လိမ်းထားလိုက်ရင်ရပါပြီ။ဆံပင်ပေါက်တာကိုပိုသန်စေတဲ့အပြင်ဦးရေပြားကိုပါ အားဖြည့်ပေးလို့အရမ်းကိုအသုံးဝင်ပါတယ်။

Photo Credit-Antion


၂။ဘီယာ
ဘီယာကိုဆံပင်အရင်းကနေအဖျားထိလောင်းချပေးပါ။သေချာစိုသွားပြီနေရာအနှံလည်းဖြစ်သွားပြီဆိုရင် မိနစ်၂၀ခန့်လောက်ထားပေးပါ။ဘီယာကဆံသားကိုသန်မာစေတဲ့အပြင်ဆံသားကိုလည်းတောက်ပြောင်စေပါတယ်။တစ်ပတ်မှာ ၁ ခါလောက်ပဲလုပ်ပေးရင်ရပါပြီ။

Photo Credit-Lipstiq


၃။ထောပတ်သီး
ထေယပတ်သီးကတော့အားလုံးသိတဲ့အတိုင်းခန္တာကိုယ်အတွက်ပါမဟုတ်ပဲ၊ဆံသားကိုပါထိထိရောက်ရောက်တောက်ပြောင်စေပါတယ်။ထောပတ်သီးမှာပါဝင်တဲ့ အဆီဓာတ်၊ပရိုတိန်းဓာတ်၊ဗီတာမင်နဲ့ဆံသားကိုရေဓာတ်ပါဖြည့်တင်းပေးနိုင်တဲ့အတွက်ဆံသားနှစ်ခွဖြစ်ခြင်းကိုလည်းသက်သာစေပါတယ်။ထောပတ်သီးကအနှစ်ကိုပြစ်အောင်ချေပြီး၊သံလွင်ဆီ ၂ဇွန်းလေညက်ထည့်ပြီးလိမ်းပေးပါ။နာရိဝက်လောက်ထားပြီးရင်တော့ခေါင်းလျှော်ချလိုက်ပါနော်။ပေါင်းဆေးပြန်သုံးပေးဖို့လည်းမမေ့နဲ့နော်။

Photo Credit-BGlH

Kelly (Akhayar Lifestyle)