2020 LOL Worlds ချန်ပီယံ နည်းပြနှစ်ဦးကို ခေါ်ယူခဲ့တဲ့ T1

DAMWON Gaming နဲ့အတူ 2020 World Championship ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ နည်းပြနှစ်ဦးဖြစ်သူ Yang “Daeny” Dae In နဲ့ Lee “Zefa” Jae Min တို့ကတော့ 2021 LOL ရာသီမှာ T1 LOL အသင်းရဲ့ နည်းပြများ အဖြစ် တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ Zefa အနေနဲ့ ၂၀၁၉ ခုနှစ်တုန်းက T1 LOL အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးသလို T1 LOL အသင်းကို ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိအောင် ကူညီ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Zefa အနေနဲ့ DAMWON Gaming မှာ နည်းပြချုပ်၊ Daeny အနေနဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူခဲ့ပေမယ့်လည်း T1 LOL အသင်းမှာတော့ Daeny အနေနဲ့ နည်းပြချုပ်၊ Zefa အနေနဲ့ Main Coach အဖြစ် ပြောင်းလဲသွားယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Worlds Championship ဆုဖလားကြီးကို သုံးကြိမ်တိုင် သိမ်းပိုက်နိုင်ခဲ့တဲ့ T1 LOL အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ Bae “Bengi” Seong Woong ဟာ ဆိုရင်လည်း T1 Academy အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Bengi အနေနဲ့ ယခင်အချိန်တုန်းက Faker နဲ့အတူ T1 LOL အသင်းမှာ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး စစ်မှုထမ်း တာဝန်ကို ထမ်းဆောင်ရန် အတွက် အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ Benji တစ်ယောက် စစ်မှုထမ်း ကာလ ပြီးမြောက်သွားပြီ ဖြစ်တာကြောင့် အခုလို T1 Academy အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Introducing 2021 T1 League of Legends #T1WIN pic.twitter.com/EkE6VCv1Gb
— T1 LoL (@T1LoL) November 13, 2020
လက်ရှိ T1 LOL အသင်းရဲ့ ကစားသမား အင်အားဟာ အတော်လေးကို တောင့်တင်းတာကြောင့် အခုလို Worlds Champion နည်းပြနှစ်ဦးဖြစ်တဲ့ Daeny နဲ့ Zefa တို့သာ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့မယ်ဆိုရင် T1 LOL အသင်းကို 2021 LOL ရာသီမှာ အင်အားကြီး LOL အသင်း တစ်သင်း အဖြစ် ပြန်လည် မြင်တွေ့သွားရဖွယ် ရှိပါတယ်။
REF: OneEsports