သတိထားပြီးမွေးသင့်တဲ့ ခွေးတွေအကြောင်း

သတိထားပြီးမွေးသင့်တဲ့ ခွေးတွေအကြောင်း

လူတွေရဲ့အကောင်းဆုံးအဖော်က ခွေးလို့ ပြောလို့ရသလို၊ သစ္စာအရှိဆုံးလို့တောင်ပြောလို့ရပါတယ်။ခွေးတွေကသခင်ကိုလည်း သက်တော်စောင့်လည်းဖြစ်သလို ၊ အဖော်မွန်ကောင်းလို့လည်းပြောလို့ရပါတယ်။ခွေးအမျိုးအစားတွေကအများကြီးရှိတဲ့အထဲကမှ သခင်ရဲ့ လုံခြုံရေးအတွက်စိတ်ချရတဲ့ခွေးတွေအကြောင်းပြောပြချင်ပါတယ်။ဒီခွေးတွေက ထိန်းချုပ်ရခက်သလို ၊ တကယ်လို့ အကိုက်ခံရရင်လည်း ရန်သူတွေအတွက်စိုးရိမ်လို့ရတဲ့အခြေအနေတွေဖြစ်ပေါ်လာတတ်ပါတယ်။
American Bulldog
American Bulldog ကချစ်စရာလည်းကောင်းသလို၊ ခေါင်းလည်းမာတယ်။ဒီခွေးတွေကလေ့ကျင့်ပေးရင်တော့ နည်နည်းခက်ပါတယ်၊သူတို့ရဲ့စိတ်တွေက အရမ်းမာပါတယ်။ သူတို့ကိုသေချာမထိန်းနိုင်ရင် သူတို့ရဲ့စိတ်တွေက အင်အားကြီးမားလာတဲ့အတွက်တစ်ခြားသူတွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်။

Doberman Pinscher
Doberman ဆိုရင်အားလုံးလည်းသိပြီးသားဖြစ်မှာပါ။သူတို့ကအင်အားအကြီးဆုံးခွေးတွေလို့တောင်ပြောလို့ရပါတယ်။အင်အားလည်းကြီးသလို ဉာဏ်ရည်လည်းတကယ်ကောင်းပါတယ်။သူတို့အရွယ်မရောက်ခင်မှာ Obedience Training တွေကိုကောင်းစွာလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။Puppy လိုအရွယ်ကတည်းက သေချာလေ့ကျင့်ပေးရင် ကိုယ့်ရဲ့သခင်အပေါ်မှာအရမ်းသစ္စာရှိပါတယ်။


German Shepheard Dog
ဒီခွေးတွေက စစ်ဘက်သုံးတဲ့ခွေးလို့လည်းပြောလို့ရပါတယ်။သူတို့ရဲ့အသိစိတ်တွေကသူတို့ရဲ့မိသားစုကိုကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်တွေရှိပါတယ်။ကိုယ့်ရဲ့မိသားစု၊ကိုယ့်ရဲ့ခြံတွေလုံခြုံမှုမျိုးပေးနိုင်ပါတယ်။သူတို့ကိုလည်း Obedience Training မပြုလုပ်ပါကသူတို့လေးတွေကြီးလာရင် ထိန်းကြောင်ရခက်နိုင်ပါတယ်။

Kelly -Akhayar Lifestyle

Photo Credit -bring.com